"Iori ! နေစမ်းပါအုံး မင်းက အိပ်မယ်ဆိုပြီး ဘယ်ထွက်တာလဲ?"
Kokonoe က ကုတင်ပေါ်ကနေ မျက်မှောင်တွေ ကုတ်ထားရင်း အလိုမကျဟန်နဲ့ လှမ်းမေးတယ်!
"ကျွန်တော့် အဆောင်ပြန်မှာပေါ့ Kokonoe sama"
"ဘာ!!!!!!!!"
"Hump 😒"
*ဝုန်း*
"ဘာလုပ်တာလဲ Kokonoe sama တံခါးဖွင့်ပေး!!!!!!"
Kokonoe က လက်တဖက် ဝှေ့ရမ်းလိုက်တော့ ခန်းမဆောင်တံခါးက ဒိုင်းကနဲ ပိတ်သွားတယ် ! Iori ဘယ်လိုဆွဲဖွင့်ဖွင့် မရတော့ချေ!
"ဖွင့်ပေး!!"
Iori က တံခါးရှေ့ ပေကပ်ရပ်ရင်း ဆူပုတ်ပုတ်ပြောတော့ Kokonoe က အထူးအဆန်းလို ပြန်ကြည့်တယ်!
"မင့်ဟာက အဆန်းပါလား Iori ? ဘာကိစ္စ အဆောင်ပြန်မယ်တွေဘာတွေ ဖြစ်ရတာတုန်း?"
" .......... "
Iori နှုတ်ခမ်းကို တင်းတင်းစိထားဆဲ မျက်နှာကိုလည်း ရှစ်ခေါက်ချိုး ကြိုးစားလုပ်နေလေသည်!
"ဘာလဲ ဆံပင်မသုတ်ပေးရလို့လား ! ရော့ ရော့ ... လာသုတ်ချေ"
"...... 😒😒😒"
Kokonoe က စားပွဲပေါ်က တဘတ်ကို ကောက်ကိုင်ပြီး ပြောသော်လည်း Iori က မျက်နှာကြီး ပုတ်သိုးကာ တံခါးရှေ့ ပေရပ်နေဆဲ!
" *tsk* "
Iori ကို ကြည့်ပြီး မြေခွေးကြီး စိတ်ရှုပ်လာပုံပင် !
"ဘာဖြစ်နေတာတုန်း အဲဒီ့ရုပ်က "
Iori ရဲ့ ကြိုးစားလုပ်ယူနေရတဲ့ ရှစ်ခေါက်ချိုးထက် ပိုတဲ့ ဆယ့်ခြောက်ခေါက်ချိုးလောက် မျက်နှာနဲ့ Kokonoe က မေးတယ်!
"Kokonoe sama က ကျွန်တော့်ကို လျို့ဝှက်တယ် ကျွန်တော့်အပေါ်မတရားဘူး မုန်းတယ်!!!!!"
Iori က လက်သီးတွေဆုတ်ပြီး ကုန်းအော်တယ်! Kokonoe ဆယ့်ခြောက်ခေါက်ချိုးကြီး ပြေသွားပြီး အံ့သြသွားသလိုပုံနဲ့ Iori ကို ကြည့်နေလေသည်!
ပြီးမှ တဖြည်းဖြည်း ပြုံးတယ် ! ဒါပေမယ့် ချက်ခြင်း ပြန်တည်လိုက်တာကြောင့် သူ့မျက်နှာက သိပ်မပြောင်းလဲသလိုပဲ!
YOU ARE READING
Unbreakable ( Unicode Version )
FanfictionThis is a cruse anymore but.....our love is unbreakable! The sequel of Love Legend! This story is my own story please enjoy~^ ^
Irreplaceable [ Kaname × Daikaku ] side story part 7- Final
Start from the beginning
