Irreplaceable [ Kaname × Daikaku ] side story part 5

1K 128 5
                                        

"Dai...Daikaku sama! ဟို ဘယ်အကြောင်းကိစ္စကြောင့်များ....ကျွန်..ကျွန်တော်မျိုး ခေါင်းဆောင်ကို သွားခေါ်လိုက်....ပါ့မယ်.."

Tengu တို့ရွာအဝင် စည်းရိုးအစောင့် တစ်ယောက် နဂါးမင်း Daikaku sama ကို ဘွားကနဲတွေ့လိုက်ရ၍ လိပ်ပြာလွင့်မတပ်ဖြစ်သွားသည်!

"မခေါ်နဲ့ ငါ့ဟာငါ သွားမယ် ! မင်းအကြောင်းကြားပေးစရာမလိုဘူး !"

"ဟုတ်ကဲ့ပါ ကျွန်တော်မျိုး လိုက်ပို့..."

"ရတယ် !"

Daikaku က သူ့ကို ဂရုမစိုက် ရွာထဲကို ခြေလှမ်းကျဲတွေနဲ့ လှမ်းဝင်လို့သွားပြီဖြစ်သည်! အစောင့်အနေနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိခင်မှာပဲ Daikaku က Tengu တို့ ခေါင်းဆောင်ကြီး အိမ်တော်ရှိရာဆီ တစိုက်မတ်မတ် ထွက်သွားတာကို မြင်လိုက်ရတယ်!

"အခြွေအရံတွေ ကိုယ်ရံတော်တွေ တစ်ယောက်မှမပါပဲ Daikaku sama တစ်ယောက်ထဲ ရေးကြီးသုတ်ပြာ ဘာလို့လာပါလိမ့်?"

အစောင့်လည်း Daikaku ရဲ့ကျောပြင် ဖြူလွလွ ဝတ်ရုံပေါ်က မြစိမ်းရောင်နဂါးပုံကို ငေးကြည့်နေရင်း နားမလည်နိုင်စွာ တကိုယ်တည်းရေရွတ်ပြီး ကျန်နေခဲ့လေသည်!

Tengu တို့ရဲ့ ခေါင်းဆောင်ကြီး အိမ်တော်ခြံဝင်းနား ခြေချလိုက်သည်နှင့် အခမ်းအနားတစ်ခုရဲ့ အတီးအမှုတ် ၊ ပြင်ဆင်နေတဲ့ သူအပေါင်းရဲ့ အသံစိုးစိုးစီစီ ကို Daikaku စတင်ကြားလိုက်ရတယ်! ခြံဝမှာ အသာရပ်ကြည့်တော့ အိမ်တော်ဝင်းကျယ်ကြီးထဲ နေရာမလပ် ပြင်ဆင်ချိတ်ဆွဲထားတဲ့ အလှဆင် အဆင်တန်ဆာတွေ ၊ မြေပေါ် စီရီချထားတဲ့ အလှပန်းပင်တွေ ၊ အိမ်ဘေး ကွက်လပ်ကျယ်ကြီးမှာ ခင်ကျင်းထားတဲ့ စားပွဲအစီအရီပေါ်မှာ စားကောင်းသောက်ဖွယ်တွေ ၊ ပျားပန်းခတ်အလုပ်များနေတဲ့ အိမ်ကြီးသခင်ရဲ့ အစေခံတွေ အားလုံးဟာ ကိုယ်စီကိုယ်ငှ အလုပ်ရှုပ်နေကြတယ်! သူတို့အားလုံးဟာ ခြံဝကနေ လှမ်းလျှောက်ဝင်လာတဲ့ Daikaku ကို ဘယ်သူမှ သတိမထားမိကြသလိုပဲ!

တချိန်လုံးထွက်လာခဲ့တဲ့ Daikakuရဲ့ ဒေါသတွေဟာ မြင်ရတဲ့ ပွဲလမ်းသဘင် အခမ်းအနားကို မှင်တပ်မိပြီး ခဏတာ ပုံးလျိုသွားသည် ထင်သည်! အတွေးထဲမှာ လတ်လတ်ဆတ်ဆတ် Yoru ရဲ့ စကားတွေ ပြန်ကြားယောင်နေတယ် !

Unbreakable ( Unicode Version )Tempat cerita menjadi hidup. Temukan sekarang