Irreplaceable [ Kaname × Daikaku ] side story part 1

1.3K 139 8
                                        

"Daikaku sama လက်ဖက်ရည်ရပါပြီ"

"အော် .... အေး"

မနက်ခင်းနေရောင်ခြည်အောက်မှာ ဥယျာဉ်တော်ထဲ ပန်းပင်တချို့ကို ရေလောင်းနေတဲ့ Daikaku sama ရဲ့ ရွှေရောင်ဆံပင်တွေဟာ နေရောင်နဲ့ အပြိုင်တလက်လက်တောက်ပနေသည်!

အနီးနားက စားပွဲဝိုင်းပုလေးပေါ် လက်ဖက်ရည်အိုးကို တင်ရင်း Kaname တစ်ယောက် Daikaku sama ကို ငေးကြည့်နေမိတယ်!

ဖြတ်ခနဲ လှည့်လာပြီး ပြုံးပြတဲ့ Daikaku sama ရဲ့ နီးစွေးစွေးနှုတ်ခမ်းတွေဟာ Kaname ကို halloween တညကို အသိပေးသလိုနဲ့ အသက်ရှုရပ်စေတယ် !

"Daikaku sama ပျော်ရွှင်စရာများရှိနေလား? "

"ဘာလို့ ဒီလိုမေးတာလည်း Kaname "

Daikaku sama က ခုံမှာ ဝင်ထိုင်ရင်း Kaname ရဲ့ မေးခွန်းကို မေးခွန်းနဲ့ပဲ ပြန်တုန့်ပြန်တယ်!

" Daikaku sama ပြုံးနေလို့ပါ! ပျော်စရာ ကိစ္စရှိနေတယ်လို့ ကျွန်တော်မျိုး ထင်မိတယ်"

"ဒါပေါ့ ! မင်းသိလား ငါမွေးထားတဲ့ ဇာမဏီငှက် ဒီမနက်မှာပဲ သေသွားတယ်"

"ဗျာ?"

Kaname အံ့သြသွားတယ် ! သခင့်နှယ် အချစ်တော်ငှက်ကြီးသေသွားတာကို ဘာကြောင့် ဝမ်းသာစရာဖြစ်နေရသလဲပဲ!

"မင်းသိလား Kaname ပြာပုံထဲကနေ တိုးထွက်လာတဲ့ ငှက်ပေါက်စလေးက သိပ်ချစ်ဖို့ကောင်းတာ hahahahahaha"

Daikaku sama က အားပါးတရ ရယ်မောနေသည်! သူ့မျက်နှာက ဝင်းလက်လို့နေတယ်!

"နောက် သုံးရက်နေရင် ဇာမဏီငှက် ပြန်မွေးဖွားလာတာကို မြင်ရတော့မယ်!ငါ သိပ်ပျော်ရွှင်မိတယ်"

ဟုတ်သားပဲ ဇာမဏီငှက်တွေဟာ မီးလောင်သေဆုံးသွားပြီးရင် အသစ်တဖန်ပြန်လည်မွေးဖွားတတ်ကြတာပဲလေ ! ပြုံးနေဆဲ Daikaku sama မျက်နှာကို Kaname နားလည်စွာ ငေးကြည့်နေမိသည်!

"ကဲ Kaname ငါတို့ဒါကြောင့် ဝမ်းမြောက်စွာ အောင်ပွဲခံသင့်တယ် မင်းလည်း လက်ဖက်ရည်တစ်ခွက်သောက်"

"ရပါတယ် Daikaku sama ကျွန်တော့်ဘာသာငှဲ့ပါ့မယ်"

Kaname တားသည်ကို Daikaku က လက်မခံ သူကိုယ်တိုင် Kaname ကို တခွက်ငှဲ့ပေးလေသည်!

Unbreakable ( Unicode Version )Where stories live. Discover now