"Iori ကို အင်္ဂလန်ပို့ဖို့ မေမေစဉ်းစားထားတယ် Iwaki!"
"ဟင် ဘာလို့လည်း??"
"အခုလို အိမ်မှာ ခေါ်ထားပြီး စည်းချထားပေမယ့် မေမေ စိတ်မချဘူး! စိတ်ထဲထင့်နေတယ်! ဒါကြောင့် ရေမြေခြားသွားရင် သူတို့မလိုက်နိုင်တော့ဘူးလေ!"
"သူတို့!?? "
Iwaki နည်းနည်းတွေဝေသွားတယ် ! ပြီးတော့မှ မေမေဆိုလိုတဲ့ သူတို့ဆိုတာကို သဘောပေါက်လိုက်မိသည်!
"အော် မေမေရယ် သူတို့တွေဆိုတာ တကယ်ရှိတာ ဟုတ်ချင်မှ ဟုတ်မှာပါ! မေမေတို့ ရှေးလူကြီးတွေက အစဉ်အဆက် အစွဲအလမ်းကြီးနေလို့သာ သားတော့ မယုံပါဘူး! Iori ပြောနေတဲ့ Kokonoe sama ဆိုတာလည်း သူ့စိတ်ကူးယဉ်ဇာတ်ကောင်ဖြစ်မှာပေါ့ ! လူဆိုတာ အချိန်အကြာကြီး တစ်ယောက်ထဲနေရရင် တွေးမိတွေးရာ ထင်မိထင်ရာပဲ! "
"သားပြောသလိုဖြစ်ရင်ကောင်းပေမယ့် စိတ်ချရအောင် မေမေတော့ ပို့ချင်တယ်! အခု Iori ဘယ်လိုနေသေးလည်း!?"
Iori ဘယ်လိုနေသေးလည်း? ဒီမေးခွန်းကြောင့် Iwaki တစ်ယောက် မြေတိုက်အခန်းထဲက Iori ကို ပြေးမြင်မိတယ်! ငယ်ငယ်က တစ်ခုခုဆို ပျော့ညံ့တဲ့ Iori ထစ်ခနဲဆို ငိုတတ်တဲ့ Iori အမြဲလက်လျော့အားငယ်တတ်တဲ့ Iori က ဘာလို့များအခုထိ ဇွဲနပဲကြီးပြီး အော်ဟစ်ထုရိုက်နေရတာလည်း!? နားမလည်နိုင်ဘူး? ဘာလို့အခုထိ တကယ်မရှိတဲ Kokonoe sama ဆိုသူကို တဖွဖွရေရွတ်နေသေးလည်း နားမလည်ဘူး!
"Iwaki မေမေ မေးနေတယ်လေ! Iori ဘယ်လိုနေသေးလည်းလို့!"
"အင်း သူအခုထိ အော်ဟစ်သောင်းကြမ်းနေတုန်းပဲ! လက်တွေလည်းဖူးရောင်နေပြီ မလျော့သေးဘူး ! မေမေရယ် ဘယ်နှစ်ရက်ရှိပြီလည်း သူ့ကို မြေတိုက်ထဲက ထုတ်လိုက်ပါတော့လား?"
"Iwaki မင်းနားမလည််ပါဘူး! ကဲသွား အင်္ဂလန်ကို ပို့ဖို့ကိစ္စပဲ စီစဉ်!"
Iwaki စာကြည့်ခန်းထဲက ပြန်လာခဲ့သည်! မေမေက မင်းနားမလည်ဘူးတဲ့ တကယ်တမ်းနားလည်ရမှာ မေမေမဟုတ်ဖူးလား? မရှိနိုင်တဲ့ Spirit တွေကို ဘာလို့ယုံကြည်နေသလည်း!? တကယ်စိတ်ရှုပ်တယ်! Iori ကရော ..... ဘာလို့ဒီကောင် ဒီလောက်ထိခေါင်းမာနေသလည်း!?
YOU ARE READING
Unbreakable ( Unicode Version )
FanfictionThis is a cruse anymore but.....our love is unbreakable! The sequel of Love Legend! This story is my own story please enjoy~^ ^
