အပိုင်း ၂၀

9.5K 604 19
                                    

" သားတို့ သမီးတို့ ပျော်ပျော်နေကြနော်
အန်တီ အိမ်ထဲ ခဏသွားလိုက်အုန်းမယ် "

" ကိုကို...ဧပရယ့်ကို ကိတ်မုန့် ပထမဦးဆုံး ခွံ့ရမှာနော် "

" မြန်မြန် ခွံ့လိုက် ထင်ဦးသာရေ ချစ်သူက
အရေးကြီးတယ် တော်ကြာ စိတ်ဆိုးသွားအုန်းမယ် ဟ..ဟ "

" ဟေ့ရောင် ထွန်းနိုင် မင်း ဘာတွေ လျှောက်ပြောနေတာလဲ "

" ငါဘာပြောလို့လဲ ဧပရယ် နင်တို့နှစ်ယောက်က အခုချိန်ထိ ချစ်သူတွေ မဖြစ်ကြသေးဘူးလား "

" မဖြစ်သေးဘူး အကိုထွန်းနိုင်ရေ.....😝 "

" ဟားးးး "

ခေတ် မျက်နှာလေး ညှိုးနေတယ်
ဟိုကောင်တွေကလည်း ပြောလို့ကို မရဘူး
ဧပရယ်နဲ့ကလည်း ခင်နေတော့ သူတို့အတွက် စ စရာ ဖြစ်နေတာပေါ့ ဟူးးးးးးးးးး

အကို ဘာတွေလဲဗျာ
ပိုင်ခေတ်မင်းဆိုတဲ့ ကျွန်တော်ကလေ
ကျွန်တော် ချစ်တဲ့လူတွေ ကျွန်တော့်ကို
အမြဲ ဦးစားပေးမှ ကြိုက်တာဗျ
အကိုနဲ့ မဧပရယ်နဲ့ကရော ဘာတွေလဲ
ကျွန်တော် မကြိုက်ဘူး
ကျွန်တော်ပိုင်တဲ့ အကို့ကို
အဲ့လိုမျိုး ပြောတာတွေ ကျွန်တော်မကြိုက်ဘူး
အကို နည်းနည်းလေးမှ ကျွန်တော့်ဘက်ကနေ မတွေးဘူးလားဗျာ
ကျွန်တော် အဲ့ရယ်သံတွေကို မကြားချင်ဘူး
ကျွန်တော်က သိပ်အတ္တကြီးတယ်
ကျွန်တော် ဖြစ်ချင်တာကိုပဲ သိတယ်
..........................................

" အကို ကျွန်တော် ပြန်တော့မယ် "

" အော် ခေတ် ပြန်တော့မို့လား အစောကြီးရှိသေးတယ် နေပါအုန်းလား ပီးရင် ကိုယ်လိုက်ပို့ပေးမယ်လေ "

" ကျွန်တော် ခေါင်းနည်းနည်းမူးနေလို့
ပြန်ချင်ပီ အခု လိုက်ပို့ပေး "

" ကျစ်​ နေမကောင်းဘူးလား ခေတ် ကျန်းမားရေးကို ဂရုစိုက်ကွာ ကိုယ် စိတ်ပူတယ်
ခဏစောင့် ကိုယ် ကားသော့သွားယူလိုက်အုန်းမယ် "

အင်း အဲ့လို ကျွန်တော့်ကို အမြဲ ဂရုစိုက်ပေးပါ အကို..........

" ခေတ် သွားရအောင် "

" ဟေ့ရောင် ထင်ဦးသာ ဘယ်သွားမို့လဲ "

" ညီ့ကို အိမ်ပြန်လိုက်ပို့မလို့ "

ဆိုးစမ်းပါ ကောင်လေးရာ ( Completed )Where stories live. Discover now