အပိုင်း ၁၃

11.5K 669 2
                                    

" အကို ကျွန်တော့်ကို ဘာတွေလာပြောနေတာလဲ
ကျွန်တော်က ယောကျာ်လေးလေ "

" အကို သိတယ် ခေတ်
ပီးတော့ ဒီစကားကို အကို အချိန်ယူပီး သေသေချာချာ စဥ်းစားပီးမှ မင်းကို ပြောတာမို့လို့ မင်းဘက်ကလည်း နည်းနည်းလောက်တော့
စဥ်းစားပေးစေချင်တယ် "

" အကိုက gay လား "

" ကိုယ် ချစ်တဲ့လူက ယောကျာ်လေးတစ်ယောက်ဖြစ်နေတာပဲ အကို သိတယ်
အဲ့ဒါက gay ဆိုရင်လည်း ဟုတ်တယ်
အကိုက gay "

" ဒါပင်မဲ့ ကျွန်တော်ကတော့ gay မဟုတ်ဘူး အကို ပီးတော့ အကိုပြောတာကိုလည်း
ကျွန်တော် လက်မခံနိုင်ဘူး
ကျွန်တော့်ကို ပြန်ခွင့်ပြုပါအုန်း "

" အကို့အပေါ်မှာ မင်း နည်းနည်းလေးတောင်
ခံစားချက် မရှိဘူးလား ခေတ် "

" ကျွန်တော့်လက်ကို အခု လွှတ်ပေးပါ
ကျွန်တော် အဲ့ဒါပဲ ပြောချင်တယ် "

ကျစ် ငါ ဘာလို့ ဖွင့်ပြောလိုက်ရတာလဲ
ခေတ် ငါ့ကို မုန်းသွားရင် ဘယ်လိုလုပ်မလဲ
အရင်လို သူနဲ့ခင်မင်မှုတောင် ရနိုင်ပါတော့မလား
ဟာကွာ..........

..............................................

အကိုက ကျွန်တော့်ကို ချစ်တယ်တဲ့
ဒါပင်မဲ့ အကိုရော ကျွန်တော်ရော နှစ်ယောက်လုံးက ယောကျာ်းလေးတွေလေ
ငါကရော အကို့အပေါ်မှာ ဘယ်လိုစိတ် ရှိတာလဲ
အကိုနဲ့ ငါနဲ့ ချစ်သူတွေ ဖြစ်သွားပီပဲ ထားပါတော့
မေမေ နဲ့ ဖေဖေကရော ငါ့ကို ဘာတွေပြောကြမှာလဲ ပတ်ဝန်းကျင်ကရော သူငယ်ချင်းတွေကရော
ဟာ.....မသိဘူး မသိဘူး ဘာတစ်ခုမှ မသိချင်ဘူး

.............................................
" သား ပိုင်လေး နိုးပီလား "

" နိုးပီ မေမေ "

" သား နေမကောင်းဘူးလား ညကလည်း ထမင်းမစားဘူး အခုလည်း မျက်နှာ မလန်းပါလား သားရယ် ဘာတွေ ဖြစ်နေတာလဲ မေမေ့ကို စိတ်ပူအောင်မလုပ်နဲ့  သား "

" သား ဘာမှ မဖြစ်ပါဘူး မေမေ
သားကို စိတ်မပူနဲ့နော်
သား သင်တန်းသွားလိုက်အုန်းမယ် "

" အေးအေး သား ကောင်းကောင်းသွားနော်
မေမေ သားကြိုက်တဲ့ ကြက်ပင်စိမ်း ချက်ထားပေးမယ် "

ဆိုးစမ်းပါ ကောင်လေးရာ ( Completed )Where stories live. Discover now