💚7💚

2.9K 183 8
                                    

      ဒီနေ့စေ့စပ်တဲ့နေ့။ တိတိကျကျပြောရရင် တစ်ယောက်သောသူမသိစေချင်လို့နှစ်ဖက်မိဘများနဲ့ကြွရောက်လာတဲ့အသိမိတ်ဆွေအနည်းငယ်ကိုသာဖိတ်ပြီး အကျဥ်းချုံးလိုက်တဲ့စေ့စပ်ပွဲ။

စေ့စပ်ပွဲကလူအားလုံးမျက်နှာမှာအပြုံးတွေနဲ့။သော်တာလဲဘာထူးလို့လဲ၊မရီချင်လဲရီရ၊မပြုံးချင်ပေမဲ့ပြုံးနေရတာကလွဲရင်ပေါ့လေ။သေချာတာကတော့ သော်တာမှာနှလုံးသားမရှိတော့ပါ။ ကာရံကိုပေးခဲ့ပြီးပြီပဲလေ။

နှစ်ဖက်မိဘစကားပြောနေအချိန်မှာ
ကိုရှိန်းလျှံတို့အိမ်ရှေ့ကအရှိန်နဲ့တစ်ခုခုကိုတိုက်လိုက်တဲ့အသံကြားလိုက်ရသည်။အားလုံးကတိုက်ရှေ့ကိုသာအားလုံးထွက်လာလိုက်တော့သည်။ မြင်လိုက်ရတဲ့မြင်ကွင်းက
သော်တာကိုတုန်လှုပ်စေသည်။တုန်လှုပ်စေတဲ့အရာက တစ်ခြားတော့မဟုတ်ပါ ကာရံကိုတွေ့လိုက်ရလို့ပင်။

ကားပေါ်ကဆင်းဆင်းချင်းမှာ သော်တာကိုစိုက်ကြည့်နေတဲ့ကာရံမျက်လုံးတွေကိုရင်မဆိုင်ရဲတာမို့အကြည်ချင်းမဆုံအောင်ရှောင်နေမိသည်။

        
          ကာရံအဆင်ပြေရဲ့လားညီမလေး။ အကိုတို့လဲအသံကြားလို့ထွက်လာခဲ့တာ။တော်သေးတာပေါ့ဘာမှကြီးကြီးမားမားမဖြစ်လို့။ကာရံသာတစ်ခုခုဖြစ်ရင် သော်တာကအကို့ကိုပြောလို့ပြီးမှာတောင်မဟုတ်တော့ဘူး။အကိုတို့မောင်နှမနှစ်ယောက်လုံးက သော်တာမသိအောင်လုပ်လိုက်ရပေမဲ့ကာရံမှ လာပါ့လာပါ့မလားလို့ အကိုတွေးနေတာ။

ကိုရှိန်းလျှံပြောတဲ့စကားတွေကြောင့် သော်တာချက်ချင်းကာရံကိုကြည့်မိသည်။ ကာရံကတော့နဂိုကတည်းကမှပတ်၀န်းကျင်ကိုဂရုမစိုက်တဲ့သူမို့ရောက်ကတည်းကသော်တာကိုသာကြည့်နေတာ။ တစ်ခုလေးပါပဲ။အခုသူကြည့်တဲ့အကြည့်က သော်တာတစ်ခါမှမမြင်ဖူးတဲ့အကြည့်။

မကိုကြည့်ရတာအရင်နဲ့မတူ။မ မဟုတ်တဲ့တစ်ခြားတစ်ယောက်ကိုမြင်ရသလိုပဲ။အခုလဲဘယ်သူကဘာပြောပြောပြန်မပြောပဲ မသော်တာကိုသာစိုက်ကြည့်နေသည်။
မ လာလေ။အိမ်ထဲဝင်ရအောင်။ မကိုကြည့်ရတာ လန့်သွားပုံကရတယ်နော်။ ဘာမှတောင်မပြောနိူင်တော့ဘူး။
လင်းလဲ့ပြောပြောဆိုဆိုနှင့် မလက်ကိုဆွဲပြီးအိမ်ထဲသို့လှမ်းမဲ့ခြေထောက်တွေက
မ​ ပြောတဲ့စကားကိုကြားရတာနဲ့အလိုလိုရပ်မိနေပြီ။

ကာရံဒီကိုလာတာက ကိုရှိန်းလျှံတို့စေ့စပ်ပွဲကိုလာတာမဟုတ်ဘူး။ ကိုရှိန်းလျှံသတိမထားမိဘူးလား။ သော်တာကကိုရှိန်းလျှံကိုမချစ်ဘူးဆိုတာကိုလေ။

"ကာရံ နင်ဘာတွေပြောနေတာလဲဟာ ဘာလဲ ငါနင့်ကိုမဖိတ်လို့စိတ်ဆိုးနေတာလား အဲ့တာဆိုလဲ ငါတောင်းပန်ပါတယ်ဟာ ပေါက်ကရတွေလျှောက်မပြောစမ်းပါနဲ့ လာ ကိုရှိန်း အိမ်ထဲပြန်ဝင်ရအောင်"။

ငါကပေါက်ကရပြောတယ်ဟုတ်လား။ အားလုံးကိုတော့အားနာပါတဟ်။ ကာရံနဲ့သော်တာနဲ့ကကြိုက်နေကြတာပါ၊ မဟုတ်ဘူး ချစ်နေကြတာပါ အခုလိုပြောတာကလဲ အားလုံးသိသင့်တယ်ထင်လို့ အထူးသဖြင့် ကိုရှိန်းလျှံပေါ့။


"မ"ဘာတွေပြောနေတာလဲ။ဒါနောက်စရာမဟုတ်ဘူးနော် မ။

လင်းလဲ့ကိုယ့်နေရာကိုယ်နေစမ်း။ ဒီကိစ္စ ကိုကိုရှင်းမယ်။ ကာရံလဲအိမ်ထဲလိုက်ခဲ့ပါ။ပတ်၀န်းကျင်ကလူတွေကြည့်နေကြတယ် မကောင်းဘူး။

အိမ်ထဲရောက်ပြီ ဆက်ပြောပါဦး ကာရံ။

ဟပြောပြီးပြီလေ ကာရံနဲ့သော်တာကချစ်နေကြတာ။ တကယ်လို့ကိုရှိန်းလျှံသူ့ကိုယူရင် ခန္ဓာကိုဟ်ပဲရမှာနော်။ အချစ်မလိုဘူး ခန္ဓာကိုယ်ကအဓိက ဆိုလဲ သဘောလေနော့်။

မင်းစကားပြောနေတာလဲ။ မင်းသိအောင်ပြောလိုက်မယ် ကာရံချို။ငါမိန်းမတစ်ယောက်နဲ့ စကားနိူင်မလုချင်ဘူး။ မင်းပြောသလို မင်းနဲ့သော်တာကြိုက်တယ်ပဲထား။သူငါ့ကိုရွေးတာ မချစ်ပဲနဲ့တော့မဖြစ်နိူင်ဘူး။ အနည်းဆုံးတော့သံယောဇဥ်ရှိမှာပဲ။ မင်းသိမလားတော့မသိဘူးကွာ။ဒီစေ့စပ်ပွဲကသော်တာကအရင်စပြောတာကွ။ ငါအရာအားလုံးကိုသဘောထားကြီးနိူင်တယ်။သော်တာရော ပြောစရာမရှိဘူးလား။

ရှိတာပေါ့။သိပ်ရှိတာပေါ့ကိုရှိန်း။မထင်ထားဘူးသိလား ကာရံ။ နင်ဒီလိုအောက်တန်းကျလိမ့်မယ်လို့။ နင်ငါ့အပေါ်ဘယ်လိုသဘောထားလဲတော့ငါမသိဘူး။ ငါကတော့နင်ကိုသူငယ်ချင်းတစ်ယောက်ထပ်ကိုမပိုဘူး။ အခုနင်လုပ်ပုံတွေကနင်ရောငါပါသိက္ခါကျစေတယ်ဆိုတာနင်သိလား။ ဒီနေ့ကစပြီး နင့်လိုသူငယ်ချင်းမျိုးကိုလဲ ငါမလိုချင်တော့ဘူး။ဒီနေ့ကစပြီး နင်နဲ့ငါကသူစိမ်းပဲ။

သူငယ်ချင်းဟုတ်လား။

     ❤️Amatory❤️Où les histoires vivent. Découvrez maintenant