အပိုင်း-၁၇ [Z+U]

Start from the beginning
                                    

"အော်…… မင်းပဲ။ "

လင်းယန်က လင်းယွီ၏ထွက်ပေါ်လာမှုအား အံ့သြသွားဟန်မပြသကဲ့သို့ မည်သို့သောခံစားချက်မျှရှိမနေ… ။ သူ၏မူဟန်အေးစက်သောအသွင်အပြင်နှင့်သာ ရှိနေ၏။
လင်းယွီကမူ နဂိုမူလနှင့်မတူစွာ အပြုံးဖျော့ဖျော့က သူမနှုတ်ဖျားထက်ဆင်မြန်းထား၏။အဘယ်ကြောင့်မှန်းမသိ ထိုကျေးဇူးရှင်ကိုမြင်မိတိုင်း မိမိ၏သိကျွမ်းဖူးသည့် အမျိုးအဆွေနှင့်တူသည်ဟု ခံစားရကာ လင်းယွီစိတ်တွင်း၌ စိမ်းသက်မှုမဖြစ်မိ။
ထိုသူအား မိမိ၏သွေးသားရင်းချာကဲ့သို့နှယ် ခံစားမိ၏။
လင်းယွီသာ ထိုသို့ထင်မြင်နေခြင်းမဟုတ် နံဘေးနားမှမြင်ကြည့်နေသူများသည်လည်း ထိုရုပ်ရည် အမူအရာ၊ဟန်ပန်ဆင်တူလွန်းသည့် သခင်လေးနှစ်ဦးအား သွေးရင်းညီအကိုဟုပင် မှတ်ယူမိကြလေ၏။

"မင်းကိုငါပြောထားပြီးသားပါ။ ကျေးဇူးကြွေးလို့ မှတ်ယူထားရာမလိုပါဘူး။ ငါလမ်းကြုံလို့ကူညီလိုက်တာပဲရှိတယ်။"

လင်းယန်၏ခပ်ပြတ်ပြတ်ပြောဆိုမှုအား စိတ်ပျက်သွားခြင်းအလျင်းမရှိသည့်လင်းယွီက ရိုသေစွာဖြင့်ပင်ဆို၏။

"ဟုတ်ပါတယ်။ ဒါပေမယ့် လင်းယွီက သူရဲကောင်းလင်းကို တွေ့လို့ ရိုသေသမှုနဲ့နှုတ်ဆက်ချင်လို့ပါ။ အနှောင့်အယှက်ဖြစ်စေဖို့ မရည်ရွယ်ပါဘူး။ ဒါပေမယ့် သူရဲကောင်းလင်း တစ်ခုခု အကူအညီလိုရင်တော့…… လင်းယွီဆီအကူအညီတောင်းနိုင်ပါတယ်။"

"မလိုပါဘူး။ "

လင်းယွီ၏ကမ်းလှမ်းမှုအား ခပ်စိမ်းစိမ်းပင်ငြင်းပယ်သွားသည့် လင်းယန်က ငွေစတစ်စကို စားပွဲပေါ်တင်ထားခဲ့ကာ သေရည်ဆိုင်တွင်းမှထွက်ခွာသွားလေတော့၏။ လင်းယွီ၏မျက်နှာ၌ စိတ်ပျက်ခြင်းအလျင်းရှိမနေ……။ ထိုသူ၏မိမိနှင့်တူညီသောသဘောသဘာဝအား ရိပ်စားမိ၍သာလျင် ခပ်ဆိတ်ဆိတ်နေလျက်ရှိ၏။ သို့သော် ထိုခဏ၌ အားလန်ကအပြေးအလွှားရောက်ရှိလာပြီး လင်းယွီနားအနီးသို့ကပ်ကာ တီးတိုးဆိုလေ၏။

"မယ်မယ်~ နန်းတွင်းမှာ အရှင်မင်းမြတ်က ဧကရီနန်းဆောင်ကိုရောက်နေပါတယ်တဲ့ ကျွန်မတို့ဘယ်လိုလုပ်ကြမလဲ? "

Phoenix in the Flame(မီးလျှံကြားက ဇာမဏီ)Where stories live. Discover now