အပိုင်း ၁၉

Start from the beginning
                                    

" ဒါနဲ့ ဧပရယ်ဒီတစ်ခေါက် သွားတာ  တော်တော်ကြာသွားတယ်နော် ဘာလဲ အဘွားကြည်က ပြန်မလွှတ်ဘဲ ဆွဲထားတာမလား "

" ဟုတ်တယ် ကိုကိုရေ ဒါတောင် မနည်းပြန်လာရတာ နောက်အပါတ်ထဲမှာ ကိုကို့မွေးနေ့ရှိတယ်လေ အဲ့ဒါကြောင့် မရမကပြောပီးတော့ကို အမှီ ပြန်လာတာ "

" ကိုယ်တောင် ဧပရယ် ပြောမှပဲ ကိုယ့်မွေးနေ့ ကိုယ် သတိရတော့တယ်
လက်ဆောင်တွေ အတွက်တော့ ကျေးဇူးပဲ "

" အဲ့ဒါဆို ဧပရယ် ပြန်တော့မယ်နော်
အိမ်ရောက်မှပဲ ဖုန်းဆက်လိုက်မယ် "

" ok ဧပရယ် bye bye ကောင်းကောင်းပြန် "

" ဟုတ် ကိိုကို "

မျက်နှာတစ်ခုလုံး ပျားရည်ပုလင်းလောင်းချထားသလို ချိုသာတဲ့ အပြုံးတွေနဲ့ပါလား အကိုရယ်
အကို့အပြုံးတွေက ကျွန်တော်တစ်ယောက်တည်းအတွက်ပဲ ဖြစ်စေချင်တယ်
ကျွန်တော်က သိပ်အတ္တကြီးတယ်
ကျွန်တော့်ရဲ့အတ္တတွေကြောင့် အကို မုန်းသွားမှာကိုလည်း စိုးရိမ်တယ်
အကို ကျွန်တော့်ကိုချစ်ရင်လေ အပစ်မမြင်ပါနဲ့နော်..........

" မျက်နှာကြီးကလည်း ပြုံးဖြီးနေတာပဲ ဟွန့် "

" ဘာလဲ သဝန်တိုနေတာလား "

" မတိုပါဘူး ကျွန်တော်က ရှည်တယ် 🌚 "

" ဟိတ် ဘာတွေ ပြောနေတာလဲ
ဧပရယ်က ကိုယ့်ညီမလေးလိုပါပဲကွာ ကိုယ့်တို့ အိမ်ဘေးနားကလေ
တစ်ဦးတည်းသောသမီးဆိုတော့
ကိုယ့်ကိုပဲ အကိုတစ်ယောက်လို ခင်တွယ်နေတာ "

" အော်..........ဒါနဲ့ ခင်ဗျားကြီးမွေးနေ့က ဘယ်တော့လဲ ကျွန်တော်က သူများပြောမှ သိရတယ် နောက်ဆို ခင်ဗျားကြီးနဲ့ ပတ်သက်သမျှ အကြောင်း အကုန် ကျွန်တော့်ကို ပြောပြထား "

" ဟုတ်ပါပီဗျာ နှုတ်ခမ်းကြီး ဆူမနေနဲ့တော့ နောက်ဆို ကိုယ်အကုန်ပြောပြမယ်
ကိုယ့်မွေးနေ့က နောက်အပါတ် ဗုဒ္ဓဟူး
ကိုယ့်ရဲ့ 22 နှစ်ပြည့် မွေးနေ့ "

" ဟင် အကိုက အဘိုးကြီး ဖြစ်နေပီပဲ "

" ဘာ အဘိုးကြီးလဲ အဘိုးကြီး ဟုတ်မဟုတ် သိချင်လား 😏 "

ဆိုးစမ်းပါ ကောင်လေးရာ ( Completed )Where stories live. Discover now