မိုးခိုဖို့သစ်ပင်ရိပ်ကိုရောက်တော့ သူ့ကို သစ်ပင်ခြေရင်းမှာ မှီထိုင်ခိုင်းထားလိုက်တယ်" ဒီမှာ ခဏ ထိုင်နေနော် ကိုယ် ကို့ အိတ်သွားယူလိုက်ဦးမယ် "
" ဟုတ်..."
ရေတံခွန်အောက်ဖက်နားချထားခဲ့တဲ့ ကျွန်တော့် ကျောပိုးအိတ်ကို အမြန်ပြေးယူလာလိုက်တယ် အထဲက သော့ချိတ်ဓါးသေးသေးလေးကိုထုတ်ပြီး ၀တ်ထားတဲ့ အင်္ကျီ စွတ်ကျဲစ အနည်းငယ်ကို ဖြဲယူလိုက်ပြီး သွေးထွက်နေတဲ့ သူ့ဒဏ်ရာကို စည်းပေးလိုက်တယ်
သိပ်အဆင်မပြေ ကျော်ပိုးအိတ်ထဲ မွှေနောက်ရှာကြည့်လိုက်တော့
" လက်ကိုင်ပ၀ါလေး တစ်ထည် "
ဒါက....ချည်ပေးရမလား မပေးရဘူး ချီတုံချီချ ဖြစ်နေချိန်သစ်ပင်ကို မှီထိုင်နေတဲ့ ကောင်လေးက နှုတ်ခမ်းတွေပြာပြီး တဆတ်ဆတ်တုန်နေပြီ
" အား...ကျွတ် ကျွတ်...ခြေထောက်က နာလိုက်တာ "
" အရမ်းနာနေလား ခဏနော် သွေးတိတ်အောင် အ၀တ်စည်းပေးမယ် "
"...."
ရုတ်တရက် ညည်းညူလာတဲ့ ကောင်လေးအသံကြောင့်
တွေဝေမနေဘဲ လက်ကိုင်ပ၀ါလေးကို ပတ်တီးလိုချည်ရအဆင်ပြေအောင် နှစ်ခြမ်းဖြဲပြီးသူ့ခြေထောက်အနာကို သေချာစည်းပေးလိုက်တယ်အနာစည်းပေးလို့ပြီးခါနီး ရုတ်တရက် မိုးထခြိမ်းဘာတော့ ကောင်လေးက ကျွန်တော် ကျွန်တော်ရင်ခွင်ထဲ ခေါင်းထိုးလာပြီး အတင်းဖက်လိုက်ပြန်တယ်
" အ..အ...မင်း ဘယ်လိုဖြစ် ဘာနေနေ ဒီလောက်ကြောက်တတ်ရအောင် မင်းက ဆယ်ရှစ်နှစ်ကလေးလား "
"...."
မိုးကတော်တော်နဲ့ တိတ်မဲ့ပုံမပေါ် ရာသီဥတုကလည်း မှောင်လာပြီမို့ သူခိုက်ခိုက်တုန်အောင် ချမ်းနေတော့ ဒီနေရာမှာမိုးဆက်ခိုဖို့မသင့်
" လာ...ထ ကိုယ်တည်းနေတဲ့ ရေတံခွန်အောက်နားမှာ မိုတယ်သေးသေးလေးရှိတယ် အဲကို သွားနားရအောင် "
" ဟုတ် "
သူ့ထလို့ အဆင်ပြေအောင်တွဲထူပေးလိုက်တယ်
YOU ARE READING
Heart Attacker ( Yizhan )
Fanfictionကျွန်တော့်ကို ချစ်တာလား ကျွန်တော့် နှလုံးသားကို ချစ်တာလား Xiao Zhan မင်းက မင်းဖြစ်နေလို့ကို မင်းကို ချစ်တယ် Yibo _________ ကျွန်တော့်ကို ချစ်တာလား ကျွန်တော့် နှလုံးသားကို ချစ်တာလား Xiao Zhan မင်းက မင်းဖြစ်နေလို့ကို မင်းကို ချစ်တယ် Yibo _________