Chapter 2

1.9K 100 13
                                    

သုံးလကြာပြီးနောက် ကျန်းယန်လီ ရဲ့ နှလုံးကို အစားထိုးပြီး အသက်ဆက်ရှင်လာတဲ့ ကျန်းဖုန်းမြင့်ရဲ့ မွေးစားသား Xiao Zhan တစ်ယောက် အတော်လေး နေပြန်ကောင်းလာပါပြီ

Xiao Zhan ဆိုတာ တခြားကလေးမဟုတ်
ကျန်းဖုန်းမြင့် သူငယ်ချင်း ရှောင်ဝူကျင်း နဲ့ ရှောင်မေ တို့ရဲ့သား Xiao Zhanလေး ငါးနှစ်သားကတည်းက သူ့မိဘ နှစ်ပါးလုံး Accident ကြောင့် သေဆုံးသွားပြီး ကားပေါ် အသက်ရှင်ကျန်နေခဲ့တဲ့ Xiao Zhanက ထိုမြင်ကွင်းကို မြင်ပြီး နှလုံးလန့်ပြီး မသေရုံတမယ် အသက်ရှင်ကျန်နေခဲ့တယ်

အသက်ရှင်နေခဲ့ပေမဲ့ နှလုံးကြီးပြီး နှလုံးသွေကြောကျဉ်းနေတဲ့ ကောင်လေးဟာ ငယ်ငယ်ကတည်းက ဆေးရုံ နဲ့ အိမ် မပြတ်ခဲ့ ။

ကျောင်းတက်နေတဲ့ တစ်လျောက်လုံးလည်း နှလုံးအားနည်းတဲ့ကလေးက နည်းနည်းဆို မေ့လဲဆေးရုံတင်တင်ထားရတယ် ။

ကျန်းဖုန်းမြင့်မှာ သမီးတစ်ယောက် သားတစ်ယောက်ရှိတယ် ။
ကျန်းယန်လီ နဲ့ ကျန်းချန်
သမီးက ဟိုကောင်လေးနောက်လိုက်ပြီး မကြာဘူးဆုံးသွားတယ် ။

ကံကောင်းထောက်မစွာ သမီး နှလုံးက မွေးစားသား နှလုံးနဲ့ တူနေခဲ့တာပါပဲ။အမြဲသေမင်းနှုတ်ခမ်းဝပေါ် လမ်းလျှောက်နေရတဲ့ သားအငယ် Xiao Zhan ကို သမီးနှလုံးနဲ့ ခက်ခက်ခဲခဲ ကယ်တင်လိုက်နိုင်ခဲ့တယ်။
နောက်ဆုံးအချိန်မှာမှ အစားထိုးကုသနိုင်ခဲ့တာမို့ Xiao Zhan အစားထိုးထားပေမဲ့ နှလုံးမူမမှန်သေးတာမို့ သောက်ဆေးတွေ အမြဲ ဆက်သောက်နေရမြဲပါပဲ

အသက်ရှင်နေသေးတာကိုက ကံကောင်းခြင်းမို့ ကျန်းတစ်မိသားစုလုံး Xiao Zhan ကိုသားအရင်းချာပမာ ချစ်ကြတယ်
ကျန်းချန်ဟာဆိုရင် Xiao Zhan ကိုငယ်ကတည်းကအရမ်းချစ်ခဲ့သလို ခုလို ခက်ခက်ခဲခဲ အသက်ပြန်ရှင်လာတော့ Xiao Zhan ကို ပိုဂရုတစိုက်နေတယ်

Xiao Zhan Point of view

ကျွန်တော်အရင်က အသက်ရှင်ဖို့ ဆေးသောက်ရမှာတွေ အရမ်းငြီးငွေ့သလောက် ခု အချစ်ဆုံးကျဲကျဲက ဆုံးပြီး ကျဲကျဲနှလုံးသားက ကျွန်တော့်ရင်ဘတ်ထဲမှာ ။

ကျွန်တော်အသက်ရှင်နေတာက ကျဲကျဲနှလုံးသားရဲ့ ရှင်သန်ခြင်း တစ်မျိုးမို့ မသောက်ချင်တဲ့ ဆေးတွေကို ကျိတ်မှိတ်မျိုချ ဆေးသောက်မပြတ် အသက်ဆက်နေရတယ်

Heart Attacker ( Yizhan )Where stories live. Discover now