အရင် နှလုံးသားထက်ဆိုင်ရင် ကျဲကျဲနှလုံးသားက တကယ်ကျန်းမာတယ် အစားထိုးကုသပြီးနောက် အရင်လို နှလုံးရပ် မေ့မလဲတတ်တော့ ....။

( ကျန်းချန် Point of view )

အရင်က ပါးပါး စီးပွားရေးတွေ စိတ်မ၀င်စားပေမဲ့ ခု ကျဲကျဲလည်းမရှိတော့ ကျန်းချန် ပါးပါး companyကို တစ်ဖက်တစ်လမ်းက ဦးစီးနေရပြီ
Xiao Zhan ကတော့ နှလုံးအစားထိုးပြီး တော်တော်လေး ထူထူထောင်ထောင်ဖြစ်လာပြီး နှလုံးအစားထိုးပြီးနောက် ပန်းဆိုင်လေး ဖွင့်ချင်တယ်ဆိုလို့ Company အနီးနားမှာပဲ ပန်းဆိုင်လေးဖွင့်ပေးထားတယ်
နဂိုက Xiao Zhan ကခပ်အေးအေး ပန်းချီဆွဲဖို့သာ ၀ါဿနာပါတဲ့ ပန်းချီဆရာလေး
ကျဲကျဲ နှလုံးကို အစားထိုးပြီးနောက် Xiao Zhan သူ့နဂိုဝါသနာတွေ အပြင် ကျဲကျဲ ပန်းကြိုက်တတ်တာတွေပါ ကြိုက်လာတယ် တစ်ယောက်ထဲ ခရီးထွက်ရတာတွေ၊ စက်ဘီးစီးရတာတွေ ကျဲကျဲ ကြိုက်တတ်တာတွေတော်တော်များများ Xiao Zhan ကြိုက်တတ်လာတယ်

ကျဲကျဲမရှိတော့တာ အားလုံးက ၀မ်းနည်းနေပေမဲ့ ကျဲနှလုံးသားက Xiao Zhan ရင်ဘတ်ထဲမှာ ခုန်နေဆဲမို့ အရာရာကို ဖြေသိမ့်နိုင်ခဲ့တယ်
ပြီးတော့ Xiao Zhan က အရင်ကထက် ပိုလိမ်မာလာတယ် ဒါပေမဲ့ တစ်ယာက်ထဲ ခရီးသွားချင်တယ်ဆိုတဲ့ ကျဲကျဲဗီဇက Xiao Zhan နှလုံးမှာ ကပ်ပါလာပြီး ခရီးသွားခွင့် အမြဲ နားပူနာဆာလုပ်နေတတ်တယ်
လိုက်ပို့မယ်ဆိုတော့လည်းမရ တစ်ယောက်ထဲမှ တစ်ယောက်ထဲ ခရီးထွက်ချင်နေတယ်
နောက်ဆုံး တငိုငို တရယ်ရယ်လုပ်ပြနေလို့ မြို့ နဲ့ အနီးဆုံး Wuji ရေတံခွန်ဖက် နေ့ချင်းပြန်သွားဖို့ ခွင့်ပြုလိုက်ရတယ် ။

*******

သုံးလကြာပြီးနောက် ကျန်းယန်လီ ရဲ့ နှလုံးကို အစားထိုးပြီး အသက်ဆက်ရှင်လာတဲ့ ကျန်းဖုန်းမြင့်ရဲ့ မွေးစားသား Xiao Zhan တစ်ယောက် အတော်လေး နေပြန်ကောင်းလာပါပြီ

Xiao Zhan ဆိုတာ တခြားကလေးမဟုတ်
ကျန်းဖုန်းမြင့် သူငယ်ချင်း ရှောင်ဝူကျင်း နဲ့ ရှောင်မေ တို့ရဲ့သား Xiao Zhanလေး ငါးနှစ်သားကတည်းက သူ့မိဘ နှစ်ပါးလုံး Accident ကြောင့် သေဆုံးသွားပြီး ကားပေါ် အသက်ရှင်ကျန်နေခဲ့တဲ့ Xiao Zhanက ထိုမြင်ကွင်းကို မြင်ပြီး နှလုံးလန့်ပြီး မသေရုံတမယ် အသက်ရှင်ကျန်နေခဲ့တယ်

Heart Attacker ( Yizhan )Where stories live. Discover now