Chapter 1

4.8K 127 9
                                    

ဒီနေ့က ဘ၀မှာအပျော်ရွင်ရဆုံးနေ့လေ
မမ နဲ့ ကျွန်တော်လက်ထပ်မဲ့နေ့ မင်္ဂလာခန်းမကြီးထဲ အဖြူရောင်သတို့ သမီးလေး ၀င်အလာကို နာရီတကြည့်ကြည့် ရင်ခုန်စိတ်လှုပ်ရှားစွာ မျှော်လင့်ရင်း လက်စွပ်ဘူးလေးကို ထုတ်ကြည့်လိုက်တယ်
မအတွက် တစ်ပွင့်ထဲသော စိန်ပွင့်လက်စွပ်လေး

ထိုစဉ် မင်္ဂလာခန်းမရှေ့ သတို့သမီးကားကအရောက် ဘရိတ်ပေါက်နေသော truck ကားတစ်စီးကအရှိန်ဖြင့် ပြေးဝင်လာတယ်

ဝုန်း.....ဒိုင်း.....

ခန်းမထဲက လူတွေအားလုံးအပြင်ထွက်ကြည့်တော့
သတို့သမီးလေးက နေရာမှာတင်သွေးချင်းချင်းနီလို့

Yibo ဖြစ်ပျက်သွားတဲ့ အဖြစ်ပျက်ကို မယုံနိုင်
ဆေးရုံကားရောက်လာပြီး မကို ခေါ်ဆောင်သွားကြတယ်
ဆေးရုံတွန်းလှည်းပေါ်တင် တင်ထားတဲ့ မကို အရေးပေါ်ခွဲခန်းရှေ့ထိ ကိုယ်တိုင်တွန်းပို့ရင်း

ဆေးရုံမှာ ကမ္ဘာပျက်နေရတယ်

ဒီနေ့က ကျွန်တော်တို့ လက်ထပ်မဲ့နေ့လေး
ကျေးဇူးပြုပြီး ခွဲမသွားပါနဲ့ မရယ်...

မကြာဘူး မရဲ့ မိဘတွေရောက်လာတယ်
သဘောမတူတဲ့ မမိဘတွေက
ကျွန်တော့်ကို အစိမ်းလိုက် ၀ါးစားမတတ်ကြည့်ကြတယ်
မ အဖေက ကျွန်တော်ကို ခွဲခန်းရှေ့ သူစိတ်ကျေနပ်တဲ့ ထိုးကျိတ်ပြီး

" မင်းသွား ထွက်သွား မင်းကြောင့် ငါ့သမီးခုလိုဖြစ်ရတာ "

" ကျွန်တော် မကို..."

" မင်းကို ထွက်သွားလို့ပြောနေတယ် "

မကြာဘူး ကျန်း သူဌေးရဲ့ သက်တော်စောင့်တွေရောက်လာပြီး
ကျွန်တော့်ကို ခေါ်ထုတ်သွားကြတယ်

______

နောက်တစ်နေ့ ကျွန်တော်ဆေးရုံကိုရောက်တော့ မလည်းမရှိတော့ ကျန်းသူဌေးက သူ့သမီးကို ပြည်ပခေါ်သွားပြီလို့ တစ်စွန်းတစ သတင်း စကားလေးသာကြားမိတယ်

ကံမကုန်ရင် ပြန်ဆုံပါရစေ မရေ.....

မ ကျွန်တော် ချစ်တဲ့ မ သူမနာမည်က ကျန်းယန်လီ....။

______

ကျန်းဖုန်းမြင့် သမီးလေးဟာ ဦးနှောက်သေဆုံးသွားပြီး နှလုံးလေးသာယဲ့ယဲ့ခုန် ဘယ်လိုမှ အသက်မရှင်နိုင်ကြောင်း သိနေတဲ့အတွက် သမီးရဲ့ နောက်ဆုံးအချိန်ကို ရင်ကွဲစို့နင့်စွာကြည့်ရင်း ယူကြုံးမရ

Heart Attacker ( Yizhan )Where stories live. Discover now