To you ❤️

71 1 0
                                    

ဘယ်လိုအပြစ်အနာအဆာမျိုးပဲဖြစ်ဖြစ် မျက်ကွယ်ပြုလို့ရတဲ့ မြတ်နိုးမှုလေးနဲ့ သူ့ကိုချစ်ခဲ့တယ်။
ချစ်တဲ့စိတ်နဲ့ကြည့်တာမို့ ဘာနေနေ သူဆိုရင်
ချစ်စရာလို့ပဲ မြင်ပါတယ်။

သူပျော်နေတဲ့အကြောင်းပဲ သိချင်တယ်။
အပြုံးရိပ်ပေါ်က အေးမြမှုလေးကိုပဲ ခံစားမိချင်တယ်။
ဘယ်သူ့ကြောင့် အပြုံးလင်းကလေးတည်တံ့နေလဲသိဖို့မလိုဘူး။
ပျော်ရွှင်နေတဲ့သတင်းလေးကြားရရင်ပဲ ဟိုဘက်ကမ္ဘာအထိ ကြည်နူးပစ်ချင်တယ်။

အဲ့ဒီကောင်လေးပေးမှ အသက်ဓာတ်ကိုရတယ်။
သူရှိမှ ဖြစ်မယ့် ရပ်ဝန်းလေးမှာ ရှင်သန်နေသရွေ့တော့ သူ့အပြုံးလေးတွေပေါ်မှီပြီးမှ ရှေ့ဘဝကိုဆက်ချင်။

မေတ္တာတရားပေါ်
အကြည်ဓာတ်ကလေးတွေဆင့်
အသက်ရှူတိုင်းမှာ နာကျင်စရာတွေ ပျောက်ကွယ်ပါစေ။

သူနဲ့ပတ်သက်လာရင်
အတိတ်မှန်သမျှ ရင်ထဲထည့်ထားတတ်တဲ့ကောင်မို့
အမှတ်တရဟာ ရိုက်သတ်လို့မကုန်ဘူး။
ဓာတ်ပုံလေးတစ်ပုံကစလို့ သူကြိုက်တတ်တဲ့သီချင်းတွေအထိ သတိရစိတ်ကို နှိုးဆွနိုင်စွမ်းရှိတယ်။

မနီးရလည်းဖြစ်သားပဲလို့ လက်လွှတ်လိုက်ရတိုင်းမှာ
ဆုံးရှုံးမှုကို ဟိုးအစကနေ နောက်တစ်ခါ ပြန်ခံစားရတယ်။
သူက ဘယ်တော့မှ အနားမလာမှာ သိလျက်နဲ့
တွယ်ကပ်ထိငြိချင်ခဲ့တဲ့အခါ မျက်ရည်ဟာ ရပ်မရတော့ပါ။

ဒီလိုဆိုပြီး ဘယ်အသံလှိုင်းမှ မရောက်စေချင်ဘူး။
ဘာမဟုတ်တဲ့ တမ်းတစိတ်တွေကြောင့်
သူ့ရယ်သံလေး မတိတ်ဆိတ်စေချင်ဘူး။

သံသရာတစ်ဆုံးပါပဲ။
ငါပဲ ငေးကြည့်ရတဲ့နေရာမှာ ရပ်မယ်။
ငါကပဲ ခြေလှမ်းမှန်သမျှ နောက်ဆုတ်ပစ်မယ်။
အရာအားလုံးဆုံးရှုံးသွားရရင်တောင်
သူ့ကို ချစ်တဲ့စိတ်ကလေးတော့ ကျန်နေခဲ့မှဖြစ်မယ်။

ဝေးသွားကြဖို့သက်သက်ဖြစ်ပေါ်လာတဲ့ ပုံပြင်တစ်ခုလုံးအတွက် ..
ဒီစိတ်ကလေးက အဆုံးစွန်အထိ မပျက်မကွက်ချစ်မြတ်နိုးသွားဖို့ ခွန်အားပါပဲ။

' ဘာနဲ့ယှဉ်ယှဉ် သူ ပျော်ရွှင်ဖို့ အရေးကြီးပါတယ်
သူ့ကို ပျော်စေလိုပါတယ် '

#lavendertwilight
#crd

You've reached the end of published parts.

⏰ Last updated: May 30, 2020 ⏰

Add this story to your Library to get notified about new parts!

ချစ်ရသော "သူ" 💛Where stories live. Discover now