To you ❤️

15 1 0
                                    

ချစ်ခြင်းမေတ္တာဟာ ဆန်းကြယ်တယ်လို့ဆိုရင်
အဲ့ဒီကောင်လေးကတော့ ငါ့နှလုံးသားကို
ကျူးကျော်ဝင်ရောက်လာတဲ့ အံ့ဖွယ်လေးဖြစ်ပါတယ်။

ငါ သူ့ကို ပထမဆုံးအကြိမ်
မြင်လိုက်ရကတည်းက ချစ်တယ်ဆိုတာ ..
ထာဝရက စ,တယ်လို့ သူ သင်ပေးခဲ့တာ။
အဆုံးမရှိဘူးဆိုတာကိုတော့ ငါ တဖြည်းဖြည်းနဲ့ သိလာခဲ့ပါတယ် ..။

လေပြည်လေးတွေဟာ ခဏတာရပ်စဲသွားသလိုမျိုး။
ငါ့ဘေးနားပတ်ဝန်းကျင်က အရာရာက ငြိမ်သက်သွားသလိုမျိုး။
ဝင်သက်နဲ့ထွက်သက်တိုင်းမှာ သူ့ကိုပဲ မြင်ယောင်နေခဲ့ဖူးတယ်။

ငါ့အတွက်တော့ အဲ့ဒီကောင်လေးကို
သတိရနေရတာကိုက အေးချမ်းမှုပါပဲ။
ဆောင်းရာသီမှာ ကျတတ်တဲ့ နှင်းပွင့်လေးလို
စိတ်က အဆုံးစွန် အေးမြနေရပါတယ်။
မေတ္တာဟာ ဘာအရောင်မှ မရောကြောင်း
သူ့အကြောင်းတွေးမိတာနဲ့ နက်နက်နဲနဲ
နားလည်မိရတယ်။

သူ့ကို ပျော်နေစေချင်တယ်။
အပြုံးချိုချိုလေးက စ,လို့ ရယ်သံလွင်လွင်လေးတွေအထိ
သူ့ကမ္ဘာမှာ လည်နေစေချင်တယ်။

သူ့ရပ်ဝန်းလေးဆီက
ဥတုရာသီသာယာနေဖို့ဟာ
ငါ့မျှော်လင့်ချက်ပါပဲ။
ဒါပေမယ့် .. ဘဝပြက္ခဒိန်ပေါ်က
ပြဿဒါးနေ့တွေမှာလည်း သူ အဆင်ပြေနေမှဖြစ်မယ်။

ကံကောင်းမှုဆိုတာ သူ အရထိုက်ဆုံးအရာပါပဲ။
ဘယ်နေရာကပဲ ရေတွက် ရေတွက် သူပျော်နေတာဟာ နံပါတ်တစ် ဖြစ်စေချင်တယ်။

မိုးကုတ်စက်ဝိုင်းတွေရဲ့ အလွန်အထိ
ငါ့စိတ်ကလေးကို သူ့ဆီ တိမ်းညွှတ်ထားမယ်။
သက်တန့်တွေဖြောင့်တန်းသွားတဲ့နေရာအထိ
ငါ သူ့ကို ငေးနေမယ်။

လူတွေရဲ့တစ်သက်တာမှာ ဘယ်အချိန်က အပျော်ဆုံးဖြစ်မလဲ ငါ မတွေးကြည့်ခဲ့ဖူးပေမယ့်
ငါကတော့ သူ့ကိုတွေ့တဲ့အချိန်မှာမှ
အဲ့ဒီမေးခွန်းရဲ့ အဖြေကို သိခဲ့တယ်။

သူပေးတဲ့ စိတ်ဝိညာဉ်နဲ့ပဲ
အသက်ဓာတ်ကို ဆက်ဖြစ်ပါတယ်။
ကျန်ရှိတဲ့ဘဝသက်တမ်းကို သူ့အပေါ်ပဲ
မှီတည်ပြီး ကုန်ဆုံးသွားဖြစ်မှာပါ။

နေရောင်ခြည်တွေ နွေးထွေးပါတယ်ဆိုတာကိုလည်း
သူ့အပြုံးလေးပြပြီး ငါ ငြင်းပစ်ရဦးမယ်။
စမ်းချောင်းရေလေး အေးပါတယ်ဆိုတာကိုလည်း
သူ့မျက်နှာပေါ်က အကြည်ဓာတ်လေးတွေပြပြီး
ငါ ငြင်းပစ်ရဦးမယ်။

တစ်ခါခံစားဖူးတဲ့ပျော်ရွှင်မှုလေးကို နောက်တစ်ကြိမ်ပြန်ခံစားရလည်း သစ်လွင်မှုအတိပြီးနေခဲ့သလိုမျိုးပေါ့။
ငါ့မှာ ရွေးချယ်ခွင့်တွေရှိလာလည်း
ရင်ထဲက အကြင်နာတွေဟာ သူ့အတွက်ပါပဲ။

' အဲ့ဒီကောင်လေး ဖြစ်နေလို့ကို ငါက ချစ်တာပါ '

#lavendertwilight

ချစ်ရသော "သူ" 💛Where stories live. Discover now