☕ Precious love ❤ Part 63

Start from the beginning
                                    

​စီးကရက်ကို ကုန်​အောင် တစ်ချက်ရှိုက်​သောက်ပြီး ​ဆေးလိပ်ပြာခွက်ထဲမှာ ​ဆေးလိပ်က မီးစ ခပ်​သေး​သေးကို ဖိ​ချေငြိမ်းသတ်ပစ်လိုက်ပြီး လက်နှစ်ဖက်ကို ခဏပွတ်ကာ ခေါင်းကို လက်နဲ့တစ်ချက်​ထောက်ထားလိုက်ရင်း......

​စီးကရက်ကို ကုန်​အောင် တစ်ချက်ရှိုက်​သောက်ပြီး ​ဆေးလိပ်ပြာခွက်ထဲမှာ ​ဆေးလိပ်က မီးစ ခပ်​သေး​သေးကို ဖိ​ချေငြိမ်းသတ်ပစ်လိုက်ပြီး လက်နှစ်ဖက်ကို ခဏပွတ်ကာ ခေါင်းကို လက်နဲ့တစ်ချက်​ထောက်ထားလိုက်ရင်း

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

🎃 : ကျွန်​တော့်...ကျွန်​တော့် မှတ်ဥာဏ်​တွေက ခုတိုင်းဆို တကယ် လုံးဝဆုံးရှုံးသွား​တော့မှာလား P'.......

🌹 : စိတ်​ပေါ်ပဲ 100% မူတည်တာပါ....မင်းက ကုသလို့ရတဲ့ သူ​တွေထဲ ပါဝင်​နေ​သေးတာ မင်းအတွက် အခွင့်အ​ရေးတစ်ရပ်ပဲ...... အဲ့အခွင့်အ​ရေးအ​ပေါ် အသုံးချတတ်ဖို့က​​တော့ မင်းအ​ပေါ်မူတည်တာ​ပေါ့.....

🎃 : ကျွန်​တော်.... သူ့ကို​တော့ မေ့မသွားချင်ဘူးဗျာ......

​ပြော​နေရင်းနဲ့ မရှက်နိုင်​တော့ဘဲ လှိုက်တက်လာတဲ့ ခံစားမှု​တွေနဲ့အတူ ပါး​ပေါ် ဖြတ်စီးဆင်းသွားတဲ့ စိုးရိမ်မှု မျက်ရည်​တွေက အရင်အထီးကျန်မှု​တွေ​ကြောင့် ကျခဲ့ရတဲ့ မျက်ရည်​တွေထက် ပိုပူရပါတယ်.....

🎃 : ​တောင်းပန်ပါတယ် P'....ကျွန်​တော်...

🌹 : အင်း ဘာမှမဖြစ်ဘူး အဆင်​ပြေတယ်.... ဒီအခန်းထဲမှာ​တော့ မင်းရင်ထဲက တကယ်ထွက်လာတဲ့ စိတ်ခံစားချက်​တွေက​ပြောတဲ့ အတိုင်း​ပဲနေပါ... ဘာကိုမှ မထိန်းချုပ်ထားနဲ့.....မင်းခုလိုခံစား​နေပါရက်နဲ့ ဘာလို့သူ့ကို မင်းချစ်​နေတာကို မသိ​စေချင်တာလဲ......

🎃 : သူ...သူ ခံစားရမှာ.... ကျွန်​တော်က ဒီလို​တောင် ကုသ​နေရတယ်ဆိုပြီး.....

🌹 : မင်းမယုံလို့လားသူ့ကို.... မင်း​ P'ကိုပြောထားပုံအရဆိုရင် ငယ်ငယ်က​လေးထဲက မင်းတို့ သူငယ်ချင်းဖြစ်ခဲ့ကြတယ် သူမင်းကိုတဖက်သတ် ချစ်​နေ​ပေးခဲ့တာ ၆နှစ်​​တောင်ကျော်​နေပြီ.....အဲ့လိုလူတစ်​ယောက်က မင်းနားမှာ ဒီလို အ​ခြေအ​နေ​တွေ ကြုံ​နေရတာသိရင် ရှိနေမ​​ပေးနိုင်​လောက်ဘူးလို့ ထင်လို့လား.....

Classic Love 🖤 ❤Where stories live. Discover now