နွယ်သည် ဆုမြတ် ပြောပုံအရ သက်ပိုင် ဖြစ်နိုင်သည်ဟု တွေးမိသည် ။ ထို့နောက် ဒေါသတကြီး တက်ခေါက်လိုက်သည် ။

"ဘာဖြစ်လို့လဲ နွယ်နီ "

"ဆုမြတ် ပြောတဲ့သူက နွယ့် ချစ်သူ သက်ပိုင် ထင်တယ် "

"ဟုတ်မယ် ။ သူတို့ စကားပြောနေတုန်း သက်ပိုင်ဆိုတဲ့ နာမည် ကြားမိသလိုပဲ "

နွယ်က တွေးရင်းနှင့် ဒေါသထွက်လာသည် ။ ဒါကို ရိပ်မိသည့် ဆုမြတ်က...

"ရှင်းသန့်က တကယ်ကို မလွယ်ဘူးနော် နွယ်နီ ။ သူတစ်ပါး ပိုင်ဆိုင်တဲ့အရာတွေကို သိပ်မက်မောတဲ့ပုံပဲ "

နွယ်က ခေါင်းလည်း မညိတ် ၊ ပြန်လည်း မဖြေမိ ။ ခုချိန်မှာ ရှင်းသန့်ကို ထုရိုက်ပစ်ချင်နေပြီဖြစ်သည် ။

"နွယ်နီ ဒီတိုင်းပဲ ထားမလို့လား ။ တစ်ခုခု မလုပ်တော့ဘူးလား "

"ဘာကိုလဲ ဆုမြတ် "

နွယ်က မျက်ခုံးပင့်ပြီး ဆုမြတ်ကို ပြန်မေးသည် ။ သူ မေးတော့ ဆုမြတ်က နားလည်ရခက်သည့် အပြုံးနှင့် စိုက်​ကြည့်နေခဲ့သည် ။

*****************

ကားမောင်းနေသည့်တလျှောက် စစ်မင်းက သူ့လက်တစ်ဖက်ဖြင့် ရှင်းသန့်၏ လက်ဖဝါးတစ်ဖက်ကို ဆုပ်ကိုင်ထားသည် ။ ရှင်းသန့် ကားပြတင်းမှ အပြင်ဘက်သို့ အကြည့်တွေ လွှဲထားသည် ။ ခုနအဖြစ်အပျက်ကြောင့် အရှက်ပိုနေရတာကြောင့် စစ်မင်း၏ အကြည့်တွေနှင့် ရင်မဆိုင်ရဲသေး ။

"ရှင်းသန့် "

"ဟင် "

ရှင်းသန့်က အတွေးလွန်နေရာမှ စစ်မင်း၏ ခေါ်သံကြောင့် ပြန်ထူးမိသည် ။

"ကိုယ်တို့ တွဲနေတာ ဒီတိုင်းပဲ လျှို့ဝှက်ထားတော့မှာလား "

စစ်မင်း၏ စကားကြားတော့ ရှင်းသန့် သက်ပြင်းရှိုက်မိသည် ။ မေမေနှင့် မမနွယ်တို့ သိသွားလျှင် ကောင်းဖို့မရှိဟု တွေးမိသည် ။ ဖေဖေ ဆုံးပါးပြီးတည်းက အပြုအမှု ၊ ဆက်ဆံပုံတွေက သိသိသာသာ ပြောင်းလဲလာသည် ။ သို့သော် ရှင်းသန့် အပြစ်မမြင်ရက် ။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ယောက်က ရှင်းသန့်၏ မိသားစုဝင်တွေလေ ။ ရှင်းသန့်မှာ သူတို့ကလွဲလို့ ဆွေမျိုးမရှိ ။ သူတို့သာ အတူမရှိလျှင် ရှင်းသန့်တစ်ယောက်တည်း အဖော်မဲ့နေရမှာဖြစ်သည် ။

My Ugly Girl ( Completed) Where stories live. Discover now