part - 1 U+ Z

23.9K 751 26
                                    

Unicode

My Ugly Girl

အခန်း ( ၁ )

"ကိုယ် ဝတီ့ကို ချစ်တယ် ။ ကိုယ့် အချစ်ကို လက်ခံပေးပါနော် "

တက္ကသိုလ်ကျောင်းဝန်း၏ လမ်းမထက်မှာပဲ ကောင်လေးဟာ ကောင်မလေး၏ ရှေ့မောက်၌ ဒူးထောက်ပြီး ချစ်ခွင့်ပန်နေခဲ့သည် ။ လက်တစ်ဖက်က နှင်းဆီပန်းစည်းကြီးကို ကမ်းပြီး နောက်တစ်ဖက်က အဖုံးဖွင့်ထားသော လက်စွပ်ဘူးလေးကို ကမ်းရင်းနှင့် ဖြစ်သည် ။

ဤအခြေအနေက စက္ကန့်ပိုင်းအတွင်းမှာပဲ အနီးနားမှာရှိသည့် လူအများ၏ အာရုံကို ဖမ်းစားသွားသည် ။ ဤနေရာသို့ လူတွေ ဝိုင်းအုံလာခဲ့သည် ။ ထို့နောက် လက်ခုပ်တီးကာ ကောင်လေး၏ အချစ်ကို လက်ခံဖို့ ကောင်မလေးကို တိုက်တွန်းကြသည် ။

ချောမောလှပသော ကောင်မလေးက ချစ်ခွင့်ပန်နေသော ကောင်လေးကို တလှည့် ၊ ဘေးနားက လူအုပ်ကြီးကို တလှည့်ကြည့်ရင်း ရှက်သွေးဖြာနေသည် ။ ထို့နောက် အလှပဆုံးသော အပြုံးလေးကို ပန်ဆင်၍ ခေါင်းညိတ်ပြီး ကောင်လေး ကမ်းပေးနေသော ပန်းစည်းကြီးကို ယူလိုက်သည် ။ လက်တစ်ဖက် ကမ်းပေးလိုက်သော် အားလုံး၏ စိတ်ကျေနပ်သံ ဝါးခနဲ ထွက်ပေါ်လာသည် ။

ရွှေလက်စွပ်လေးကို ဝတ်ပြီး ပန်းစည်းကို ပွေ့ကာ ခပ်ချောချောကောင်လေး၏ ရင်ခွင်ထဲ တိုးဝင်နေသော ကံကောင်းသော ကောင်မလေးကတော့ ကျွန်မ ......မဟုတ်ခဲ့ပါ ။

သူတို့ အဖြစ်ကို စဆုံးအားပေးနေခဲ့သော လူအုပ်ထဲမှ ရှေ့ဆုံးက ကောင်မလေးကတော့ ရှင်းသန့်ဆိုသည့် ကျွန်မပါပဲ ။
ကြည်နူးစရာ မြင်ကွင်းလေးကို ကြည့်ရင်း သွားသုံးဆယ့်နှစ်ချောင်းပေါ်အောင် ပြုံးရယ်နေမိသူရယ်ပါ ။ လေးထောင့်ပုံစံ ခပ်ကြီးကြီး မျက်မှန်ကို လက်တစ်ဖက်က ပင့်တင့်ရင်း မျက်စိရှေ့က မြင်ကွင်းကို ယခုထိ ပြူးပြဲကြည့်နေမိသည် ။ ထိုစုံတွဲကတော့ လက်ချင်းတွဲကာ ထွက်သွားကြလေပြီ ။ မြင်ကွင်းထဲက ပျောက်သွားတော့မှ ပြုံးဖြဲနေခဲ့သော ပါးစပ်ကို ပြန်ပိတ်လိုက်သည် ။ သို့သော် အပြုံးကတော့ အရှိန်မသတ်သေး ၊ တစ်ဘက်သို့ အကြည့်ရောက်သွားချိန် တွေ့လိုက်ရသော သူ ။ သူ့ကို မြင်တော့ ရှင်းသန့်၏ ရင်ထဲ ဒိန်းခနဲ ဆောင့်ခုန်သွားသည် ။

My Ugly Girl ( Completed) Where stories live. Discover now