"သူ့ ရည်းစား ဟုတ်လား ။ ဘယ်သူများလဲ "

နွယ်နီက မေးတော့ ဆုမြတ်က ပြုံးပြီး ​ပြန်ပြောလိုက်သည် ။

"ကျွန်မနာမည် ဆုမြတ်ပါ ။ တစ်နေရာသွားပြီး စကားပြောကြရင် မကောင်းဘူးလား "

သူ့စကားဆုံးတော့ နွယ်နီကလည်း ခေါင်းညိတ်ပြီး ပြုံးပြသည် ။ ထို့နောက် ဆုမြတ် ကားနှင့် နွယ်နီပါ အတူလိုက်ခဲ့တော့သည် ။

*************

"ဘာပြောတယ် သူဌေးကြီး ဦးမိုးမြင့်ရဲ့ တစ်ဦးတည်းသော သား စစ်မင်းနဲ့ ကြိုက်နေတယ်ဟုတ်လား "

နွယ်က ဆုမြတ်၏ စကားကို မယုံနိုင်သလို ပါးစပ်အဟောင်းသား ဖြစ်သွားသည် ။ အံ့သြပြီး ပြန်မေးချိန် နွယ့် အသံက အနည်းငယ် ကျယ်သွားသည် ။ ဆိုင်ထဲက လူတစ်ချို့ အာရုံစိုက်လာတာကို တွေ့တော့ လေသံကို နှိမ့်ပြီး ထပ်မေးလိုက်သည် ။

"တကယ်ပြောတာလား ဆုမြတ် "

"တကယ်ပေါ့ နွယ်နီရဲ့ ။ ရှင်းသန့်သာ စစ်မင်းကို မမြူဆွယ်ရင် ခုချိန်မှာ စစ်မင်းက ဆုမြတ်ရဲ့ လူဖြစ်နေမှာ "

ဆုမြတ်က ဒေါသလေသံနှင့် မကျေမနပ်ပြောလာသည် ။ ဆုမြတ်၏ စကားက အနာဟောင်းရှိသော နွယ့် ဒဏ်ရာကို လာဆွသလိုပင် ။

"ဟုတ်တယ် ။ အဲ့ဒီကောင်မ စိတ်ဓာတ်မကောင်းဘူး ။ ကြားရတာ စိတ်ပျက်စရာပဲ "

"ဒီနေ့တောင်လေ သူ့ကြောင့်နဲ့ ယောကျ်ားနှစ်ယောက် ရန်ဖြစ်နေကြတယ် ။ ဒီလို ဖြစ်ပြီးတာ​တောင် သူက စစ်မင်းကို ကလူမြူဆွယ်နေတုန်းပဲ "

ဆုမြတ်က အံကိုကြိတ်ပြီး ပြောသည် ။ ဆုမြတ်ပြောသည့် ယောကျ်ားနှစ်ယောက်ဆိုတာကို နွယ် စဥ်းစားမိသည် ။ တစ်ယောက်က စစ်မင်းဆို နောက်တစ်ယောက်က ဘယ်သူလဲ ။

"နောက်တစ်ယောက်ရှိသေးတာလား ။ ဘယ်သူလဲ "

နွယ် မေးတော့ ဆုမြတ်က စဥ်းစားပြီးနောက် ပြောသည် ။

"အသားညိုညိုနဲ့ ကြည့်ကောင်းတယ် ။ သာမန်တော့ မဟုတ်ဘူး ။ သူလည်း ပိုက်ဆံရှိတဲ့ ပုံပဲ ။ ရှင်းသန့်နဲ့ အဲ့ဒီလူကို ခဏ ခဏ တွေ့ဖူးတယ် "

My Ugly Girl ( Completed) Where stories live. Discover now