🔥 Part 2 🔥

6.5K 837 49
                                    

[Unicode]

" There is no age limit in love. Anyone can love "

.......................❤❤.........................

" Boss ဧည့်သည်ရောက်နေပါတယ်.. "

" ဘယ်သူလဲ.. "

" တစ်နေ့ညက Dinner အတူစားခဲ့တဲ့ CEO သားအဖပါ.. Healing company က.. "

Jongdae စကားကြောင့် Baekhyun အံ့သြသွားတယ်.. CEO Park နဲ့က မှတ်မှတ်ရရ တစ်ပတ်တစ်ခါမှ အစည်းအဝေးလုပ်ဖြစ်တာမို့ တွေ့မယ့်ရက်က ၄ ရက်တောင် လိုသေးတယ်.. ဒါကို အခုကြီး ရောက်လာတော့ သူ့သားကို ပညာသင်တွေဘာတွေ အပ်ဖို့များလား.. ?

" အင်း.. အချိန်ရသေးလား.. အခုတွေ့ဖို့.. "

" မိနစ် ၂၀ နေရင်တော့ appointment တစ်ခုရှိတယ်.. Boss.. အဲ့မတိုင်ခင်တော့ အချိန်ရပါတယ်.. "

" ဟုတ်ပြီ.. ဝင်ခိုင်းလိုက်ပါ.. "

" သိပါပြီ Boss..! "

Jongdae က သွက်သွက်လက်လက်ပဲ ထွက်သွားတော့ ကျွန်တော်လည်း Laptop ခဏပိတ်ပြီး ဆိုဖာပေါ် ပြောင်းထိုင်နေလိုက်တယ်.. ဘယ်လိုပဲဖြစ်ဖြစ် စီးပွားရေး ပါတနာဆိုတော့ ကောင်းကောင်း ကြိုဆိုရမှာပဲမလား.. ။

Baekhyun သူ့မျက်မှန်လေးကို အဝတ်စနဲ့ သုတ်နေရင်း တံခါးခေါက်သံ ၃ချက်ဆက်တိုက် ပေါ်လာသည်မို့ ဝင်ခွင့်ပြုကြောင်း အသံပေးလိုက်တယ်။

" ဟမ်.. "

CEO Park တို့သားအဖဆိုရင် ရွယ်တူ လူကြီးနှစ်ယောက်ဖြစ်နေရမယ့်ဟာ အခုက လူကြီးတစ်ယောက်နဲ့ သူ့ဘေးမှာ ကောင်ငယ်လေးလိုမျိုး တွေ့နေရတော့ Baekhyun တစ်ယောက် မျက်စိမှားတာလားဆိုပြီး သူ့မျက်မှန်လေးကို အလျင်အမြန် တပ်လိုက်ပေမယ့် မြင်ကွင်းက ပြောင်းလဲမသွားပဲ ပို၍သာ ရှင်းလင်းလာသည်။

ဒါက.. တစ်နေ့က CEO သား Park Yixing နဲ့ သူ့ရဲ့သား Park Chanyeol ဆိုတဲ့ကလေး..

ဒါနဲ့များ Jongdae က CEO သားအဖ လုပ်နေသေးတယ်.. သူပြောတာလည်း မမှားပေမယ့်.. CEO အသစ်နဲ့ သူ့သား ပေါက်စဆို ပိုမှန်မှာပေါ့.. မဟုတ်ဘူးလား.. ??

" Arrr.. Park Yixing Shi.. လာပါ ထိုင်ပါဦး.. "

အခန်းဝရောက်နေတဲ့ သားအဖကို ခေါ်လိုက်တော့ Yixing က ပြုံးပြီး သူ့သားလက်ကိုဆွဲကာ ဝင်လာဖို့ လုပ်ပေမယ့် ပေကပ်နေတဲ့ ကောင်လေးကြောင့် အခက်တွေ့နေတဲ့ပုံပင်..

Yours [COMPLETED] (Z+U)Where stories live. Discover now