"ကိုကို့အဆိုးလေး"

JunMyeonကYiXingကိုကြည့်လာတဲ့အခါ YiXingကထပ်နမ်းလိုက်ပြန်သည်။

"ကိုကို့ရဲ့အဆိုးလေး"

"Ya!!!! Zhang YiXing! !!!!"

Chanyeolထအော်လာတဲ့အခါ YiXingက ဘာထဖြစ်တာလဲဆိုတဲ့ပုံနဲ့ မသိသလိုပြန်ကြည့်လာပြီး JunMyeonနားနားကပ်ကာ တစ်ခုခုပြောပြီး နားကိုလျှာနဲ့လျှက်ပြလိုက်သေးသည်။

JunMyeonပင်မတိုင်ပင်ရသေး YiXingသိနှင့်သလိုChanyeolရဲ့ခံစားချက်တစ်ချို့တစ်လေပွင့်ကျလာရေးကို လုပ်ဆောင်နေတာကြောင့် နှစ်ယောက်ကအတွဲညီသည်ဟုပြောထိုက်စွာတစ်ယောက်ခံစားချက်ကိုတစ်ယောက်ကရိပ်မိလေသည်။

"Xingအရှက်မရှိဘူးလား..ငါတို့လိုSingleရှေ့မှာလာကလူပြနေတယ်.. လုပ်ပြမနေနဲ့ ကိုယ့်အလုပ်နဲ့ကိုယ်မအားတာမို့အားမကျနိုင်ဘူး"

JongInထပြောလာတဲ့အခါ Chanyeolကအပြောခံရတာနည်းသေးတယ်ဆိုတဲ့ပုံနဲ့ အရက်ကိုဆက်သောက်နေချိန်.. JongInကိုလုပ်ပြလိုက်တဲ့ YiXingရဲ့မျက်နှာအမူအယာကိုမမြင်လိုက်..

"ကိုကို့အဆိုးလေး.. ကိုကို့ကိုဒေါသထွက်အောင်သိပ်ဆိုးတာပဲ"

"ချစ်တာကိုဆိုးမှာပေါ့ကိုကိုကလည်း.. ကိုကိုကဒီကအဆိုးလေးနဲ့ပတ်သက်လာရင်ဒေါသလျော့ပေးလေ.. ဒီကအဆိုးလေးကတော့အချစ်တွေအများကြီးပေးနေတာကို ကိုကိုကမယူချင်ဘူးလားလို့"

JunMyeonရဲ့ မချွဲတက်ချွဲတက်အမူအယာကို JongInရယ်ချင်နေပေမဲ့လည်း..

"အဆိုးလေးက အဆိုးလေးပီသပါပေတယ်"

YiXing JunMyeonမေးစေ့ကိုကိုင်ကာ အဆိုးလေးချင်းထပ်လာတာနဲ့ Chanyeolပေါက်ကွဲတော့သည်။

"JunMyeon Hyungနဲ့ မင်းတို့နှစ်ယောက် အကုန်ပေါင်းပြီး ငါ့ကိုသက်သက်မဲ့လုပ်ပြနေတာမလား"

"ဟမ်..?? ဟမ်..?? "

YiXingတဟမ်ဟမ်လုပ်နေပုံက Chanyeolကိုစိတ်တိုစေတော့ ပြန်မယ်ဆိုပြီးထတဲ့အခါ JongInကဆွဲထားရသည်။

"Chan.. ဘာလို့အဲ့ကောင်လေးကြောင့်ဒေါသတွေထွက်ရတာလဲ.. ငါတို့ကအချင်းချင်းစနေကြပဲကို"

"အေးလေChanကလည်း.. အဲ့ကောင်လေးက မင်းအမူအယာတွေကိုထူးဆန်းသွားစေတယ်နော်"

HE'S ✓Where stories live. Discover now