Extra 2 - Happy 520 Day Special

Comenzar desde el principio
                                    

ရိပေါ်ကောင်းမှုအကြောင်းပြုပြီး ပိန်သွားပြီဖြစ်သော ယုန်ဖက်တီးလေးရဲ့ ဘော်ဒီက အခုဆို မြင်မြင်သမျှလူ ငေးချင်စရာကောင်းနေပြီလေ။

အဲဒါကို ရေစိုတဲ့အကျီနဲ့ အခုလိုပုံစံနဲ့ လူတွေအများကြီးရှိတဲ့နေရာကိုထွက်လာစရာလား။

သဘက်လေး ဘာလေး ခြုံလာပါလားကွာ။

ရိပေါ် မှန်းထားသလိုပင် gym တစ်ခုလုံးကကောင်မလေးတွေကလဲ ကိုကြီးကို လိုက်ကြည့်ကုန်ကြပြီ။

နှာပူးမတွေ .. ကိုကြီးက ရိပေါ်နဲ့ယူမယ့်သတို့သားလောင်းဆိုတာ မသိတဲ့သူမရှိ၊ အဲဒါကိုမှ ဘူးချင်ကြသေးတယ်။

"Jay နောက်မှတွေ့မယ်ကွာ ငါကိစ္စရှိလို့"

Jay ကိုခပ်သွက်သွက်နှုတ်ဆက်ကာ ကိုကြီးလက်ကို လှမ်းဆွဲပြီး ဝင်လာခဲ့တာ shower room ဆီသို့။

"ပေါ်….ပေါ်တိ ဘာဖြစ်လာတာတုန်း"

"အဲဒါ ကိုကြီးကိုမေးရမှာ အခုလိုဝတ်ပြီး လူကြားထဲထွက်လာစရာလား"

"ဟင် ကိုကြီးက အခုဘယ်လိုဝတ်ထားမိလို့လဲ"

မျက်လုံးလေး ကလယ်ကလယ်နဲ့ မသိသလိုပြန်မေးနေတဲ့ ယုန်ဆိုးကြီး။ သူ့ပုံစံက အရမ်း sexy ဖြစ်နေတယ်ဆိုတာ မသိတာလား။

ရေစက်ရေပေါက်များ မခြောက်သေးသော မျက်နှာပြင်ချောချောက ရိပေါ်အတွက် ရင်ခုန်မှုအတိပြီးစေတဲ့ မျက်နှာလေး။

ရေစိုနေတဲ့ခန္တာကိုယ်မှာ ကပ်နေတဲ့အကျီအဖြူလေးက အတွင်းက အသားတွေကိုပါ ထိုးဖောက်မြင်နေရတာမို့ ရိပေါ်မှာ တံတွေးတွေ နာနာမြိုချနေရတာ။

မရတော့ဘူး။ ရိပေါ် ဒီထက်ပိုပြီး သည်းမခံနိုင်တော့ဘူး။ shower room ထဲ ရေကျသံက အစမကြားရတဲ့ လူရှင်းနေမှုကို အခွင့်ကောင်းယူကာ ကိုကြီးလက်ကိုဆွဲပြီး ရေချိုးခန်းအလွတ်တစ်ခုထဲသို့ ဆွဲသွင်းလိုက်သည်။

"ပေါ်တိ .. ဘာလုပ်တာလဲ"

"ကိုကြီးကို …. ချစ်မလို့လေ"

"အာ…ပေါ်တိ…"

"အာ…ပေါ်တိ…"

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.
My Gym Trainer (Completed)Donde viven las historias. Descúbrelo ahora