💚

12.2K 687 27
                                    

ရှောင်ကျန့် ခုတလော အစိမ်းလုံးလေးကို
လိုက်ချောင်းနေမိတာ ရက်အတော်ကြာပြီ။
အစိမ်းလုံးလေး နာမည်က ဝမ်ရိပေါ်တဲ့။

ပထမနှစ်ကျောင်းသားလေးဆိုပေမဲ့ သူ့ရဲ့
ချောမောမှုနဲ့ ချမ်းသာမှုတွေကြောင့် ဝမ်ရိပေါ် သတင်းက ကျောင်းတက်တဲ့ ပထမဆုံးနေ့မှာတင် ပလူပျံလို့။
နောက်တော့ မကြာပါဘူး။
ကျောင်း Fresher Welcome မှာလည်း သူက တစ်ကျောင်းလုံးက Seniorတွေကို ကျော်ပြီး
The Whole King ဖြစ်သွားပြန်တော့ ပိုဆိုး။

သူ့ကို ပေါ်တင်တစ်မျိုး နောက်ကွယ်တစ်မျိုးနဲ့ ကြိတ်ပိုးနေကြတဲ့ ပျိုမဒီတွေကလည်း ဒုနဲ့ဒေး။
ရှောင်ကျန့်တို့လို Final Year က မမတွေတောင်
ဝမ်ရိပေါ် နာမည်ကြားတာနဲ့ ရွပိုးခတ်နေတာ
မြင်မကောင်းအောင်ပါပဲ။

ကျောင်းစတက်ကတည်းက ဝမ်ရိပေါ်ဒီလောက် နာမည်ကြီးနေပေမဲ့ ရှောင်ကျန့်ကတော့ ဘာသိ
ဘာသာပဲ။ သူ စိတ်မဝင်စားပါ။ သူစိတ်ဝင်စား
သည်က စာပဲ။ စာမှစာ။

ရှောင်ကျန့်တို့မိသားစုက ပါပါး ဆုံးပါးသွားပြီးတည်းက မားနဲ့ပဲ အမေတစ်ခု သားတစ်ခု ဘဝကို ဖြတ်သန်းလာရတာ ၅နှစ်ကျော်ပြီ။

မားနဲ့ ရှောင်းကျန့်တို့ သားအမိအခြေနေက
ဆင်းရဲသည်မဟုတ်သော်လည်း အရမ်းချမ်းသာတဲ့ထဲတော့ မပါ။ လူတန်းစေ့ နေနိူင်စားနိူင်သည်။
လက်ထဲ စုမိဆောင်းမိထားတဲ့ အပိုဝင်ငွေလေးနဲ့
မားက ​ပါး ချန်ခဲ့တဲ့ ကုန်ရောင်းကုန်ဝယ်လုပ်ငန်းကို
ဆက်ဦးစီးပြီး သူ့ကို ဒီနေ့ဒီချိန်ထိ မျက်နှာတစ်ချက်
မငြှိုးရအောင် ထားခဲ့တာပင်။
ခု ရှောင်ကျန့် နောက်ဆုံးနှစ်သို့ ရောက်လာပြီ။
မားရဲ့ အလုပ်တွေကို သူကျောင်းပြီးတာနဲ့
တန်းဦးစီးပြီး မားကို ကူညီနိုင်ရန် သူစီးပွားရေး
မေဂျာကိုပဲ ယူခဲ့သည်။
သူ့တစ်ဘဝလုံး ဖခင်နေရာကပါ တာဝန်ယူပြီးလူတန်းစေ့နေနိုင်အောင်ကျွေးမွေးခဲ့တဲ့ မားကို နားနားနေနေ နေစေချင်ပြီ။

ဒါကြောင့် ရှောင်ကျန့်က စာကို အသဲအသန်
ဖိလုပ်ပြီး အချစ်ရေးဘက်ကို ယောင်လို့တောင်
မလှည့်ခဲ့တာ ဖြစ်​၏။
တစ်ကျောင်းလုံးမှာ အချောဆုံးက ဝမ်ရိပေါ်ဆိုလျှင်
စာအတော်ဆုံးက ရှောင်ကျန့်သာ ဖြစ်လိမ့်မည်။

Strawberry Lollipop🍭🍬Where stories live. Discover now