PinkMilk and Milk Tea ❤️💜

109 6 1
                                    

My Senior💓
Part-2

ကလင်~ကလင်~ကလင်~(၉နာရီထိုး၍ ဘဲလ်တီးသံ)

Pan-ဟေး ဟိုမှာ စီနီယာတွေလာနေပြီ

Tharn-Ai Pan တိုးတိုးပြောပါ အခု နင် ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်နေလိုက်တော့....

သင်တန်းပေးမည့် hazzer စီနီယာတို့
ခန်းမအရှေ့ရှိ စင်ပေါ်တွင် တန်းစီနေကြသည်

(စင်အောက်ကပထမနှစ်တွေကတော့.......အားလုံး တိတ်ဆိတ်နေ.....)

ထိုစဉ်
စီနီယာတစ်ယောက်က တန်းစီနေရာမှ အရှေ့ကိုထွက်လာပြီး

" ပထမနှစ် ညီလေး ညီမလေးတို့ အားလုံး သတိ....
အတန်းလိုက်တန်းစီကြမယ်
ကိုယ့်ရှေ့ကလူကိုကြည့်ပြီး ညီနေအောင်စီပေးကြပါ "

တန်းစီပြီးသောအခါ

" Sawadee krub ညီလေးညီမလေးတို့ အကိုက ဒုတိယနှစ်က hazzer ခေါင်းဆောင် P'King ပါ
အကိုက မင်းတို့တွေကို ဒီတစ်လမှာ သင်တန်းပို့ချပေးရမဲ့သူတစ်ယောက်ပါ "

စင်အောက်မှာတော့

Pan-P'King ချောလိုက်တာ အရမ်းချောတာပဲ အကိုကညီမရဲ့Kingလေးဖြစ်သွားပါပြီ မွ...

Tharn-Ai Pan...တိုးတိုးပြောပါဟ...နင်တစ်ယောက်ကတော့လေ ထိန်းမရတော့ဘူး

Duen-Tharn...Pan...စကားများမနေနဲ့ စီနီယာစကားပြောနေတယ်လေ
တော်ကြာသူပြောနေတာကို
သေချာလိုက်နားမထောင်ဘူးဆိုပြီး ဆူနေဦးမယ်

Pan-အား ဟုတ်သားပဲ Ai'Pan စိတ်ထိန်း စိတ်ထိန်း (ပရိုင်ကန်းသော်ပိန်နီး ပရိုင်ကန်းသော်ပိန်နီး....)<အမှောင်ဂါထာရွက်နေတာပါ🌚

King- အဲ့တော့ ညီလေးညီမလေးတို့အားလုံးက စီနီယာ‌တွေပြောတာကိုသေချာနားထောင်ပြီး
ဒီသင်တန်းကို အကိုတို့နဲ့အတူတူ လိုက်ပါဝင်ပေးစေလိုပါတယ်
စီနီယာတွေနဲ့ ဂျူနီယာတွေက ဘွဲ့ရတဲ့အထိ အမြဲတမ်း စည်းစည်းလုံးလုံးနဲ့ အချင်းချင်းဖေးမကူညီ‌ပေးကြရမယ်
အဲ့လိုဆက်ဆံရေးမျိုးနဲ့ ပြီးဆုံးသွားတာပဲ မြင်ချင်ပါတယ်

အကို ပြောတာသဘောပေါက်တယ်မလား

(Junior)-သဘောပေါက်ပါတယ်

You've reached the end of published parts.

⏰ Last updated: May 18, 2020 ⏰

Add this story to your Library to get notified about new parts!

My Senior 👬⚙️❤️Where stories live. Discover now