"အင်း ‌မင်းဆုံးဖြတ်ချက်ကကောင်းပါတယ်.. Hyungဆိုလည်းမင်းလိုပဲဆုံးဖြတ်မှာပဲ"

JunMyeonလည်းနားချိန်မို့အချိန်ရတာနဲ့ ၂ယောက်ကစကားတော်တော်ကြာကြာပြောဖြစ်ကြသည်။
ChanyeolကစီနီယာMinSeokအိမ်မှာရက်ပိုင်းလောက်လိုက်နေမဲ့အကြောင်းပြောတော့လည်း JunMyeonကကောင်းတယ်ချည်းပဲပြောပြန်သည်။

ထို့နောက်တော့ Group Chatထဲဝင်ကာ အားနေတဲ့သူငယ်ချင်းနဲ့စကားတွေပြောဖြစ်ကြသေးသည်။

"Chanyeolရေ.. Hyungတော့ဆေးရုံထဲပြန်ဝင်ဦးမယ် ပြီးရင်အိမ်ခဏပြန်မယ် ညDutyအတွက်ပြန်လာရဦးမှာ"

"Hyungက နေ့ကောညကောလား"

"ဟုတ်တယ်Chanyeolရေ.. ဘဝအတွက်ဆိုတော့လည်းအပင်ပန်းခံရတာပါပဲ"

"ဒါဆိုလည်းXingနဲ့သာမြန်မြန်လက်ထပ်ပြီးအိမ်မှာပဲထိုင်နေပေါ့"

JunMyeonက မဖြစ်နိုင်တာတွေဆိုပြီးနှာခေါင်းရှုံ့လိုက်ကာဆေးရုံထဲပြန်ဝင်သွားတာကိုကြည့်ရင်း Chanyeolသဘောကျနေခဲ့ရပြီး သောက်လက်စကော်ဖီကိုအကုန်သောက်လိုက်ကာဆေးရုံထဲပြန်ဝင်လာခဲ့တော့သည်။

"ညီ..Hyungကိုစောင့်ပေးဦးနော်.. Hyungဆေးရုံအုပ်ကြီးနဲ့တွေ့ရဦးမှာမို့လို့"

Chanyeolနားနေခန်းထဲပြန်ဝင်မည်ကိုအနောက်ကနေပြောလာခဲ့တဲ့ စီနီယာMinSeokအသံကြောင့် ပြန်လှည့်လာကာခေါင်းညိပ်ပြလိုက်တာနဲ့ MinSeokကလောလော လောလောနဲ့ထွက်သွားတော့သည်။

စီနီယာကတော့ အမြဲကိုတက်ကြွနေတာပဲ..

Chanyeolနားနေခန်းထဲကနေ လိုအပ်တာယူပြီးပြန်ထွက်လာခဲ့ကာ တချို့လူနာတွေကိုပြန်လိုက်ကြည့်နေခဲ့သည်။

အချိန်အားဖြင့် ည၇း၀၀လောက်ရောက်လာတဲ့အချိန်မှာတော့ ဆေးရုံရဲ့ receptionရှေ့ခုံမှာထိုင်နေကာ စီနီယာMinSeokကိုထိုင်စောင့်နေလေသည်။

စောင့်နေရင်း ၈း၀၀စွန်းစွန်းကျော်လာတဲ့အခါမှာ စီနီယာကပြေးလာနေတာတွေ့တော့ Chanyeolထိုင်ရာကနေထလိုက်သည်။

"ညီရယ်Hyungအားနာလိုက်တာ တော်တော်ကြာသွားတယ်.. တကယ်တကယ် စိတ်မရှိပါနဲ့နော်.. ဆေးရုံအုပ်ကြီးနဲ့ဆွေးနွေစရာတွေများသွားလို့"

HE'S ✓Where stories live. Discover now