"စီနီယာကိုသူအနှောက်အယှက်ပေးနေပြန်တာလား"

"ဟမ်"

MinSeok Chanyeolကိုကြည့်လာတော့ Chanyeolက Baekhyunကိုစိတ်ရှုပ်စွာကြည့်နေတာတွေ့ရသည်။

"ဆေးရုံမှာအခုလိုပဲအနှောက်အယှက်လိုက်ပေးတာကသူ့အကျင့်ထင်တယ်.. အခုတော့စီနီယာအလှည့်ရောက်သွားပြီပေါ့"

"Chanyeol..ညီပြောတာက သူကဆေးရုံမှာအမြဲရှိနေတယ်ဆိုတဲ့သဘောလား"

"ဟုတ်တယ်စီနီယာ..သူအမြဲလိုလိုဆေးရုံရဲ့တစ်နေရာမဟုတ်တစ်နေရာမှာရှိနေတတ်တယ်"

MinSeok Baekhyunကိုပြန်ကြည့်လာတဲ့အခါ ဇီးရွက်လောက်ရှိတဲ့မျက်နှာလေးနဲ့ မျက်လုံးလေးတွေဝိုင်းစက်နေပြီးကြည့်နေလေသည်။

"ဟျွန်းငယ် ဒါဘာသဘောလဲ"

MinSeokရဲ့အမေးက Chanyeolကိုတော်တော်လေးထူးဆန်းနေခဲ့သည်။

"စီနီယာက သူနဲ့သိနေတာလား"

တော်ပါတော့Chanyeolရာ.. ငါသေသာသေလိုက်ချင်တယ်။
ငါလိမ်ထားတာတွေကို တစ်ခုစီပြောပြနေသိလား..
ငါမင်းကိုချစ်လွန်းလို့နော်... ဟင်းးးး
အခုတော့ ငါ့ကိုမိုးကြိုးအတောင့်လိုက်ပစ်ချလိုက်သလိုပဲ

အီး.... ငါတော့ အရေခွံစုပ်ခံရတော့မယ်ထင်တယ်။

"သူကHyungရဲ့ညီအငယ်ဆုံးလေး ByunBaekHyunပဲ.. "

"အာ..."

Chanyeol.. Baekhyunကိုကြည့်တော့ မျက်နှာငယ်လေးနဲ့..
အစ်ကိုတွေကိုတော့ကြောက်ပုံရနေသည်။
ပြီးတော့ ဒေါသထွက်နေတဲ့စီနီယာပုံကြောင့် စိတ်ထဲကနေဘာကိုမှန်းမသိအားနာသွားရပြန်သည်။

"ဟျွန်းငယ် ဒီရက်တွေတစ်တောက်လျှောက်လုံးဆေးရုံမှာပဲရှိနေတာလား.. မင်းစာကြည့်တိုက်ကိုလုံးဝမသွားဘဲ ကိုကိုတို့ကိုညာနေခဲ့တာပေါ့"

"ကိုကိုကြီး"

"တော်တော်..ကိုကိုကြီး ကိုလတ်ကိုလာခေါ်ခိုင်းလိုက်မယ်.. ဒီတစ်နေ့လုံးအိမ်အပြင်လုံးဝမထွက်ဘဲအိမ်ထဲမှာနေ.. ဘယ်သူငယ်ချင်းနဲ့မှလည်း ဖုန်းပြောမနေနဲ့.. ကိုကိုတို့တွေမျက်နှာချင်းဆိုင်ဆွေးနွေးဖို့လိုနေပြီ"

HE'S ✓Where stories live. Discover now