35

52.2K 3.5K 178
                                    

Zawgyi>>>

"ဦးရှင်း...အာ.."

လျှမ်းထက်နှုတ်ခမ်းလေးဟပေးတော့ ပန်းသီးလှီးနေတဲ့ ဦးရှင်းက တစ်စိတ်ခွံ့ကျွေး၏...
ဦးရှင်းပေါင်ပေါ်ခြေထောက်တင်၍ TV ကြည့်နေသော လျှမ်းထက်ပင်...

ယောက်ျားရိုသေ အသက်ရှည်ဟူသောစကားအတိုင်း
ရှင်းရာကပန်းသီးခွာလိုက် ဇိမ်ခံနေတဲ့ ပုကျိကို ခွံ့ကျွေးလိုက်နဲ့ အလုပ်ရှုပ်နေရ၏

~Ting Ting

သူတို့နှစ်ယောက် ချစ်ကြည်နူး တစ်တီတူးပြီဆိုတာနဲ့ကို တံခါးဘဲလ် တစ်ယောက်ယောက်လာတီးပါစေလို့ ဘယ်သူကျိန်စာတိုက်ထားလဲမသိ...

ဆောင့်ဆောင့်အောင့်အောင့်နဲ့သွားဖွင့်တော့
အထုတ်နှစ်ထုတ်နဲ့ တံခါးရှေ့ရပ်နေသော လူတစ်ယောက်ကြောင့် လျှမ်းထက်မျက်ခုံးများပင့်တက်သွားရသည်

စောစောဟို မေ ဆိုတဲ့မိန်းမကြီးဆီကဖုန်းရထားတာ သူ့သားလာမယ်တဲ့လေ

ပြောရရင် သူ့အမေကိုတစ်စက်မှသဘောမကျတာကြောင့်
သူ့သားမျက်နှာကိုလဲမြင်ချင်တာမဟုတ် တစ်စက်မှလဲအမြင်မကြည်ပါ လျှမ်းထက်အတော်လေးသည်းခံထားသည်သာပြောရမည်

သူ့သားကလဲသူ့မျက်နှာအတိုင်းပဲ
လျှမ်းထက်လောက်မဟုတ်ပေမဲ့ အသားအသင့်အတင့်ဖြူပြီး အရပ်ပုသည် သူ့အမေလိုနှစ်လိုဖွယ်ကောင်းသောအပြုံးရှိသော်ငြား ဦးရှင်းကိုတစိုက်တမက်ကြည့်နေတဲ့မျက်ဝန်းတွေကိုလျှမ်းထက်တစ်စက်မှသဘောမကျ...

"မင်္ဂလာပါဗျ ဦး...ကျွန်တော်ကဒေါ်မေသက် ရဲ့သားပါ မေမေလွှတ်လိုက်လို့"

ရှင်းရာ ဘာမှမပြောပဲ ခေါင်းသာငြိမ့်ပြသည်...
လျှမ်းထက်နဲ့အသက်တူတူသာပြောသည် ဦးရှင်းကိုစိုက်ကြည့်နေတာပေါက်ထွက်မတတ်... မသိရင်ချက်ချင်းပဲဝါးမြိုတော့မဲ့ပုံနဲ့
ဒီကောင်ဘာကောင်လဲ!

အထဲဝင်လာတော့လဲ သူ့အိမ်သူ့ယာအတိုင်းပဲ ဧည့်ခန်းမှာဝင်ထိုင်လိုက်ရင်း သူ့အထုတ်တွေပါပစ်ချထား၏

"မင်းနာမည်?"

"သက်ကိုပါဗျ ဦး"

လျှမ်းထက်ကိုတစ်စက်ကလေးတောင် ဂရုမစိုက်ဟန် မေးသမျှမေးခွန်းကို ဦးရှင်းဆီသာ ဦးတည်ဖြေနေသောကြောင့် လျှမ်းထက်ဒေါသကြောင့်မျက်နှာပင်ရဲနေပြီ

Mr.Where stories live. Discover now