30

66.3K 3.8K 137
                                    

Zawgyi>>>

"သားကဒီလိုအကြီးကြီးယူမှာ..."

အဘွားနဲ့ စကားပြောနေရင်း အမူအရာလေးတွေနဲ့လုပ်ပြနေတဲ့ လျှမ်းထက်ကို ရှင်းရာစိုက်ကြည့်နေမိသည်...
နှုတ်ခမ်းလေးကရံဖန်ရံခါဆူထွက်လာပြီး အလိုမကျစွာ ခပ်စွာစွာလေးပြောနေသည်မှာ သေချာတာကတော့ ရှင်းရာ၏မကောင်းကြောင်းတွေပြန်တိုင်နေတာပင်ဖြစ်မည်...

party ကိစ္စပြီးကတည်းက ရှင်းရာသည် လျှမ်းထက်ကိုမျက်စိအောက်မှအပျောက်မခံတော့...
သူ့အနားမှာပဲတစ်ချိန်လုံးထားသည် အိမ်သာသွားရင်တောင် သူကအိမ်သာရှေ့လက်ပိုက်ပြီးရပ်စောင့်နေတာ
အဲ့လိုလူ့ဂွစာရယ်ပါဆို...

လျှမ်းထက်က ရှင်းရာရဲ့အမေကို ပြုစုရတာသဘောကျသည်
အားတိုင်း အလည်သွားပြီး ချွဲနေတတ်သေးတာ
ရှင်းရာရဲ့အမေကလဲ သူ့ကိုမြေးလေးတစ်ယောက်လိုပင် ချစ်ပြီးအလိုလိုက်တတ်သေးသည်

"မြေးလေးက သားကိုလက်မထပ်ချင်လို့လား"

"အွန်...အဲ့လိုတော့မဟုတ်ပေမဲ့...ဒါပေမဲ့သူက... အာ မသိတော့ဘူးဗျာ"

လျှမ်းထက်ပါးလေးတွေရဲပြီးရှက်နေတာမြင်တော့ အဖွားကခက်ဟဟရယ်သည်...

သဘောကျစွာမျက်လုံးလေးတွေမှိတ်သည်အထိရယ်ရင်း
အဘွားရဲ့ရင်ခွင်ထဲတိုးဝင်တော့
လျှမ်းထက်ရဲ့ခေါင်းလေးကိုပုတ်ပေးရှာတယ်....

အဘွားနဲ့နေရတာ သူတကယ်ပျော်သည်...
အရင်ကသူ့ကိုမွေးစားခဲ့တဲ့ အဘွားကိုသတိရမိလို့...
အဘွားကိုမစောင့်ရှောက်ခဲ့ရသမျှ ဒီဘွားဘွားထံပြန်စောင့်ရှောက်ပေးချင်မိသည်...

"ဘွား...သားမေးချင်လို့"

"အင်းမေးလေ လျှမ်းလေးရဲ့"

"ဦးရှင်းကလေ...ရည်းစားမရှိဘူးလား သူဘယ်သူ့ကိုမှမချစ်ဖူးဘူးလားဟင်"

လျှမ်းထက်ရဲ့အမေးကြောင့် အဘွားကမျက်နှာအနည်းငယ်မှိုင်းသွားသည်...

"ဘွား သားမေးတာမှားသွားလားဟင်"

"အော်...မဟုတ်ပါဘူးသားရယ် ဘွားအတွေးလွန်သွားလို့ပါ"

အဘွားပြောပြသည်က ဦးရှင်းငယ်ငယ်ကတော့ ချစ်ရတဲ့ကောင်မလေးတစ်ယောက်ရှိဖူးသည် သူမက ဦးရှင်းညီမရဲ့သူငယ်ချင်း
မင်းမာန်အမေရဲ့သူငယ်ချင်းပေါ့...
ကောင်မလေးကသွက်လက်ပြီး ချစ်စရာကောင်းတယ်

Mr.Where stories live. Discover now