အပိုင်း - ၁၁👬

ابدأ من البداية
                                    

"သား ဒီမှာဘာလုပ်​နေတာလဲ ၊ ဒီဘက်က​ရောဘယ်သူလဲ ၊ သူငယ်ချင်းလား ...."

အစ်ကို့ရဲ့​မေ​မေဖြစ်မယ် ။ ထူး​အောင် ​ကြောက်စိတ်ဝင်လာသည် ။ သူ​ခြေ​တွေလက်​တွေ​အေးလာသည် ။ အမျိုး သမီးကသူ့ကိုစိုက်ကြည့်နေသည် ။

"​မေ​မေ ဒီကိုဘယ်လို ....."

"သူငယ်ချင်းတစ်​ယောက်နဲ့ချိန်းထားလို့ပါ ၊ ကဲ ဒါဆိုနောက်မှတွေ့ကြမယ် ......"

အစ်ကို့​မေ​မေက ပြုံးသည် ။ အဓိပ္ပါယ်မ​ဖော်နိုင်သည့်အပြုံးမျိုး ။ ​သေချာသည်က ထူး​အောင်ကိုမနှစ်သက်ဘူး ။ အကြည့်​တွေကစူးရှလွန်းတယ် ။ အကြည့်​တွေက​နောက်ကွယ်မှာ ငါ့သားအနားကထွက်သွားလို့​ပြော​နေသလိုလို ။ ထူး​အောင် ကြက်သီး​တွေ​တောင်ထလာသည် ။ အစ်ကို့​မေ​မေက ဘာမှဆက်မ​ပြောဘဲ လှည့်ထွက်သွားသည် ။ အစ်ကို့ကိုကြည့်ရတာတော်တော်ချမ်းသာတဲ့မိမိသားစုကဖြစ်မယ် ။ ဒီလောက်ကျက်သရေရှိလှတဲ့အမျိုးသမီးဆိုမှမှ​တော့ ​တော်​​​တော့်ကိုမြင့်တဲ့ အထက် တန်းလွှာထဲကပဲဖြစ်ရမယ် ။ ထိုအမျိုးသမီးထွက်သွားတာနဲ့အစ်ကိုကထူး​အောင်​ဘေးနားမှာလာထိုင်သည် ။

"လန့်သွားလား"

"အင်း နည်းနည်း ၊ အစ်ကို့​မေ​မေကကျွန်တော့်ကိုသ​ဘောမကျဘူးထင်တယ်"

"မဟုတ်ပါဘူး ၊ ဒီ​လောက်ချစ်ဖို့​ကောင်းတဲ့​ကောင်​လေးကိုဘယ်သူကသ​ဘောမကျဘဲ​နေပါ့မလဲ"

ထူး​အောင် စည်သူ့ရဲ့လက်​တွေကိုဆုပ်ကိုင်ပြီး .....

"ကျွန်​တော်​ကြောက်တယ် ၊ အစ်ကိုနဲ့ခွဲရမှာကျွန်​တော်​ကြောက်တယ်"

"မခွဲရပါဘူး ၊ ဘယ်သူ​ပြောလဲခွဲရမယ်လို့ ၊ မဟုတ်တာ​တွေ​လျှောက်​တွေးမ​နေနဲ့ ၊ စား ပြီးရင်​မင်းသွားချင်တဲ့​နေရာ​တွေလိုက်ပို့​ပေးမယ်"

"ဒီ​နေ့တစ်​နေ့လုံးကကျွန်တော့်အတွက်ပဲမလား"

"ဒါ​ပေါ့"

စည်သူ သူတွဲခဲ့တဲ့သူ​တွေကိုအခုလိုအလိုလိုက်တာမျိုးတစ်ခါမှမရှိခဲ့ ။ဒီ​ကောင်​လေးနဲ့ကျ​တော့ သူဒီ​ကောင်​လေး​ပျော်​နေ​စေဖို့ ဘာမဆိုလုပ်​ပေးချင်တယ် ။

သူနဲ့ကျွန်​တော်(Season - 2)حيث تعيش القصص. اكتشف الآن