"နင့်ကိုဘယ်မှလည်းမခေါ်ပါဘူး
ဒါနဲ့ငါ့ကိုတစ်ခုခုလေးမတိုက်ချင်ဘူးလား
ကော်ဖီလေးပဲဖြစ်ဖြစ်""မတိုက်ချင်ဘူး"
သူ့အဖြေကြောင့်နှာခေါင်းရှုံ့ပြတဲ့မီနာ့ကိုကြည့်ပြီး
ရိပေါ်ကခေါင်းတစ်ခါခါနဲ့ကော်ဖီတစ်ခွက်သွားဖျော်
ပြီးချပေးတယ်"ရိပေါ် အချစ်ဆိုတာဘာလဲဟင်"
အထူးအဆန်းမေးလာတဲ့မီနာ့ကိုရီပေါ်ကမျက်လုံး
တစ်ချက်လှန်ကြည့်တယ်"ဘာလဲ နင်ချစ်တဲ့သူတွေ့လို့လား"
"အင်း တကယ်တော့ငါ့မှာအရင်တည်းကချစ်ရတဲ့
သူတစ်ယောက်ရှိတယ်
သူကတော့ငါ့ကိုမသိချင်ယောင်ဆောင်ထားတယ်
ထင်တာပဲ"အခန်းတွင်းလေထုကိုအနည်းငယ်သောတိတ်ဆိတ်
မှုကကြီးစိုးတယ်
ခပ်ပြင်းပြင်းပင့်သက်တစ်ချက်ကိုရှိုက်ရင်းမီနာက
ဆိုဖာပေါ်ကထတယ်"ဒီအတိုင်းပဲ ပျင်းလို့လာလည်တာ
ငါပြန်တော့မယ်""သြော် ပြီးတော့ဒီမှာ ရော့"
မီနာ့လက်ထဲမှာကိုင်ထားတဲ့ပန်းစည်းလေးနဲ့
အစိမ်းရောင်ကတ်လေးကိုမြင်တော့ရိပေါ်ရဲ့
မျက်ခုံးနှစ်ခုကအနည်းငယ်မြင့်တက်တယ်"ငါလာတော့ အိမ်ရှေ့တံခါးမှာတွေ့လို့ယူလာတာ"
"ဝမ်ရိပေါ်တို့များစွံလိုက်တာနော်
မနာလိုတောင်ဖြစ်တယ်"ပန်းစည်းကိုလှမ်းယူလိုက်တဲ့ရိပေါ်ရဲ့ပြေလျော့သွား
တဲ့ခပ်ပြေပြေမျက်ခုံးတန်းတွေနဲ့အတူအပြုံးနုနု
လေးတစ်ခုကလည်းအသက်ဝင်တယ်"ကဲပါ ကဲပါ ပီတိတွေဖြာနေတာ
ဆိုတာမြင်မကောင်းဘူး မခံစားနိုင်တော့ဘူး
ငါပြန်ပြီ"တွန့်လိမ်ပြနေတဲ့မီနာကိုရိပေါ်ကရယ်ရင်းနဲ့
တံခါးဝအထိပခုံးကိုတွန်းရင်းလိုက်ပို့တယ်"ဂရုစိုက်ပြန်ဦး"
အဖြူရောင်တံခါးလေးကိုပိတ်လို့ခပ်မြန်မြန်ပဲ
အနီရင့်ရင့် Kaneshon (carnation)
ပန်းစည်းလေးက
ကတ်အစိမ်းလေးကိုဖွင့်ကြည့်တယ်~ ကိုယ့်ရဲ့ပန်းနုရောင်မြတ်နိုးခြင်းလေး~
ရိုးရိုးရှင်းရှင်းစာလုံးလေးကနေယူတယ်