"အင်း။ အခြေအနေဘယ်လိုလဲ။"
"....။"
"ဟုတ်ပြီ။ ကိုယ်အခု လာခဲ့မယ်။"
ကျွန်တော် ချက်ချင်းဘဲ ဆေးရုံကိုသွားဖို့ ပြင်လိုက်သည်။ ဒီနေ့မနတ်ကတည်းက ကျွန်တော့်စိတ်ထဲထင်နေတာ။ ထင်တဲ့အတိုင်း ဆုသစ္စာကိုဖုန်းဆက်လိုက်တော့ ထက်မြတ်နိုင် ပြန်သတိရပြီတဲ့။ ထိုသတင်းက ကျွန်တော့်စိတ်ကို လူပ်ရှားစေသည်။ လမ်းပေါ်မှာကားက ရှင်းနေတော့ ဆေးရုံကိုရောက်ဖို့က သိပ်မကြာလိုက်။ ဆေးရုံရောက်တာနဲ့ ထက်မြတ်နိုင်ရဲ့အခန်းကို တန်းပြီး သွားလိုက်သည်။ ကျွန်တော်ရောက်တော့ အခန်းထဲမှာ လူတွေကစုံနှင့်နေပြီ ဖြစ်သည်။ ကျွန်တော် လူအုပ်ကြားကိုတိုးဝှေ့သွားလိုက်တော့ ထက်မြတ်နိုင်က ကုတင်ပေါ်မှာ ပက်လက်အနေအထားအတိုင်းလဲလျောင်းနေလျက်။
"ညီမလေး။ အခုရောဘယ်လိုလဲ။"
"ခုနက တစ်ချက်သတိရလာသေးတယ်။အခုတော့ အစ်ကိုတွေ့တဲ့အတိုင်းဘဲ။"
အရေးပေါ်ရောက်လာတဲ့ ဆရာဝန်နှင့် သူနာပြုဆရာမလေးတို့ကတော့ အလုပ်ရှုပ်လျက်ရှိသည်။ သွေးခုန်နူန်းတို့ သွေးပေါင်ချိန်တို့ကလည်း အားလုံး ပုံမှန်အတိုင်း ပြန်လည် လည်ပတ်လာပြီဖြစ်သည်။ စမ်းသပ်စစ်ဆေးပြီးတော့ လူနာရှင်တွေဘက်လှည့်ပြီး
"ကျွန်တော်တို့ သူ့ရဲ့Brain Functionကို ဒီနေ့ ဓာတ်မှန်ရိုက်ပြီးပြီဆိုတော့ ညနေလောက်ဆို အဖြေသိရမှာပါ။ ဒီပုံအတိုင်းဆို သတင်းကောင်းကြားရဖို့ရှိပါတယ်။ အရမ်းစိတ်မပူပါနဲ့။"
ထက်မြတ်နိုင်၏ မိဘတွေကတော့ ၀မ်းသာနေလျက်ရှိသည်။ ကျွန်တော်လည်း အခုမှ ရင်ထဲက အလုံးကြီးက လျှောကျသွားသလို။ ဘေးနားကဆုသစ္စာကိုကြည့်လိုက်တော့ တစ်နေရာကို အကြောင်းပြချက်မရှိ စိုက်ပြီး ငေးကြည့်နေသည်။ ကျွန်တော် သူ့ပုခုံးကိုခပ်ဖွဖွပုတ်လိုက်တော့မှ သတိဝင်လာပြီး ကျွန်တော့်ကို ပြုံးပြလေသည်။ သို့သော် သူ့အပြုံးက နွမ်းလျနေလျက်။
"အပြင်သွားပြီး အစ်ကိုနဲ့တစ်ခုခုသွားသောက်ကြမလား။"
အခန်းထဲမှာ ထက်မြတ်နိုင်၏ မိသားစုဝင်တွေနှင့်တင် ပြည့်ကျပ်လျက်ရှိတာမို့ စိတ်ပြေလက်ပျောက်ဘဲဖြစ်ဖြစ် အခန်းပြင်ထွက်ဖို့ ကျွန်တော် လှမ်းခေါ်လိုက်သည်။ ဆုသစ္စာက ထက်မြတ်နိုင်ကို စိတ်မချသလို တစ်ချက်ကြည့်လိုက်ပြီး
YOU ARE READING
ချစ်သူသာနေကြာပန်းတပွင့်ဆိုရင်🌻(Season-2) Completed
General FictionUNICODE VERSION: နေကြာပန်းနှစ်ပွင့်ကိုသူတစ်ချက်လေးစောင်းငဲ့ကြည့်တယ်.. ခပ်ဖွဖွလေးပြုံးရင်းနဲ့... "နောက်ဆိုနေကြာပန်းယူလာရင်နှစ်ပွင့်ဖြစ်စရာမလိုတော့ဘူး..ဆရာ" ကျွန်တော့်ဆီသူ့အကြည့်တစ်ချက်ရောက်လာပြီးနောက်မှာ ကျွန်တော့်ရဲ့ဆွံ့အနေမူကိုသူအခွင့်ကောင်းယူသွားခ...