ဘတ်စကတ်ဘောအသင်းကကောင်လေး
တွေနဲ့မိတ်ဆက်ပေးအပြီးမှာ ရှောင်းကျန့်ဆရာ့ကို
ပြန်ဖို့ခွင့်တောင်းပြီး ဆာကူရာပင်တွေဘက်ကို
ခြေဦးထပ်လှည့်တယ် ဒီဆာကူရာပင်တွေကိုသူသတိရနေခဲ့တာ

~~~~

အပင်အောက်မှာစာအုပ်ထိုင်ဖတ်နေတဲ့ရိပေါ်က
စိတ်ကြည်မနေဘူး အေးအေးဆေးဆေးတစ်ယောက်တည်းနေချင်တဲ့ရိပေါ်က လူတွေများနေတာ
ကြောင့် ဆာကူရာပင်အောက်မှာလာထိုင်နေတာ
အဲ့ဒါကိုပဲအမျိုးသမီးသုံးလေးယောက်လောက်ကမကြီးမငယ်နဲ့ရိပေါ်အနားမှာပတ်ပြေးရင်းဆော့
နေကြတာကြောင့် ဆူညံနေတဲ့ပတ်ဝန်းကျင်ကရိပေါ်
ကိုစိတ်အနှောက်အယှက်ဖြစ်နေစေတယ်

သည်းခံလို့မရတော့တဲ့အဆုံးဖတ်လက်စစာအုပ်
ကိုသိမ်းပြီးနေရာကနေထထွက်ဖို့ပြင်တယ်
လမ်းလျှောက်လာတဲ့သူ့ပခုံးကိုခုနကမကြီးမငယ်နဲ့
ပတ်ပြေးနေတဲ့အထဲကအမျိုးသမီးတစ်ယောက်က
အားနဲ့တိုက်ချလိုက်တာမို့လူကယိုင်ထွက်သွားတယ်

အောက်ကမြေပြင်ကမညီတာကြောင့်ခန္ဓာကိုယ်
ကိုကဟန်ချက်မညီပဲနောက်ကိုလန်ကျသွားပြီ
လို့ရိပေါ်ကထင်လိုက်တယ်

ခါးကိုလာရောက်ထိတဲ့ခပ်နွေးနွေးခံစားချက်
ကြောင့်သိလိုက်တာကသူ့ကိုတစ်စုံတစ်ယောက်က
ဝင်ထိန်းပေးလိုက်တယ်ဆိုတာ

"ကူညီပေးတာ ကျေးဇူးတင်ပါတယ်"

တုန့်ပြန်သံမလာတာကြောင့်မျက်နှာကိုမော့ကြည့်တော့ အဲဒီလူကခပ်ဟဟဖြစ်နေတဲ့နှုတ်ခမ်းတွေနဲ့
သူ့မျက်နှာကိုစိုက်ကြည့်တယ်

မျက်နှာရှေ့လက်နှစ်ချက်လောက်ဝှေ့ယမ်းလိုက်
တော့သတိလက်လွတ်ဖြစ်နေတဲ့ထိုလူရဲ့
မျက်ဆန်တွေကလှုပ်ရှားလာတယ် သတိဝင်
လာတဲ့ထိုလူကခပ်ဟဟဖြစ်နေတဲ့သူ့နှုတ်ခမ်းတွေကိုခပ်ကြီးကြီးရှေ့သွားနှစ်ချောင်းပေါ်လို့နှုတ်ခမ်း
အောက်နားလေးကမှဲ့လေးအထက်ကိုရွေ့လျားလာတဲ့အထိသူ့ကိုပြုံးပြနေခဲ့တယ်

အဝါရောင် Nanohana ပန်းခင်းကြီး
ထဲမှာတွေ့ရှိခဲ့တဲ့အဖြူရောင်နွေဦးပန်းလေးကို
ရှောင်းကျန့်ကဆာကူရာပန်းတွေကြားမှာ
ပြန်ရှာတွေ့ခဲ့တယ်

Spring in yoursWhere stories live. Discover now