xxxxxxxxx

Chan KS ရဲ့ အိမ်ရှေ့ကိုရောက်နေခြင်းပါ။ သူရောက်တာတောင် Soo ကမပြီးသေးတာကြောင့် အိမ်ထဲ ဝင်စောင့်နေတုန်း.......

Chan : " အန်ကယ် အပြင်သွားမလို့လား "

KS'pa :" ဟုတ်တယ်လေ ။ မင်းကရော မနက်ကလမ်းလျှောက်တော့ မတွေ့ပါဘူး။ အိမ်ကို ဘာလာလုပ်တာလဲ "

Chan : " Soo အာ KS ကို လာခေါ်တာပါ အန်ကယ်လ် "

KS'pa : " ဟေ မင်းတို့ မနေ့ကထိ မတည့်ဘူးဆို။ ဘယ်လိုဖြစ်တာလဲ "

Chan : " အာ အဲ့တာက "

အဲ့အချိန် အိမ်ပေါ်က ဆင်းလာတဲ့ KS

KS : " Chan ရောက်နေတာကြာ ကြာ ... အာ pa အပြင်သွားမလို့ဆို မသွားသေးဘူးလား "

သေပါပြီ DKS ရယ် ။ လွဲအုံးဟ ။ တကယ်တော့ pa က သူတို့နှစ်ယောက် အဆင်ပြေသွားတာ မသိသေး။ မနေ့ကမှချစ်သူတွေမဟုတ်ဘူး ငြင်းထားတာ။အဆင်ပြေသွားပြီဆိုတာသိကြည့်ပါလား ခေါင်းခေါက်ခံရမှာ ရာနှုန်းပြည့်။ ဒီနေ့ပြက္ခဒိန်ကိုကြည့်ခဲ့တော့ ရက်ရာဇာဆို။ ဘယ်လိုတောင် ကံမကောင်းရတာလဲ ။ DKS ရေ မင်းတော့သေပြီ။

KS'pa : " နေစမ်းပါအုံး ငါအပြင်သွားတာမသွားတာ ခနနောက်ထားစမ်းပါအုံး။ မနေ့ကထိ ငြင်းနေတာ မင်းမဟုတ်ဘူးလား ။ ဟမ် ။ အခုတော့ အပြင်သွားဖို့ကိုတောင် လာပင့်ခိုင်းတယ်ဆိုတော့ မင်းက ငါ့ကို အရူးလုပ်နေတာလား "

Chan : " အန်ကယ်လ် သူ့ကိုဘာမှမပြောပါနဲ့ သူက ကျွန်တော့်ကို စိတ်ကောက်နေတာကြောင့်ပါ "

KS'pa : " မပြောလို့ရမလား ။ ငါဒီလောက်မေးနေတုန်းကတော့ ဘူးခံငြင်းနေပြီးတော့ အခုမှလာပြီး မသိချင်ယောင်ဆောင်လို့ရမလား။ "

KS : " pa ကလည်း ကျွန်တော်က...."

KS'pa : " ဘာဖြစ်လဲ ဆက်ပြောလေ။ ကိုယ့်အဖေကို အရူးလုပ်ပြီးတော့ ။ တွေ့မယ် မင်းတော့လား ။ "

KS : " pa နော်။ ကျွန်တော်က ဘာလုပ်လို့လဲ ။ ကျွန်တော်အိမ်ပြန်ရောက်မှဆက်ပြောမယ် အခုတော့သွားပြီ pa ။ Bye လာ Chan "

Chan လက်ကိုဆွဲကာ KS အိမ်ထဲက ပြေးထွက်ခဲ့ရတယ်။ အိမ်ထဲကနေပြုံးကြည့်နေတဲ့ pa ကိုတော့ KS မမြင်လိုက်........

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Where stories live. Discover now