Zawgyi
Ring~~Ring~~Ring~~
အေးအေးဆေးဆေး နှပ်ချင်လို့ alarm မပေးထားတာတောင် မနက်စောစောစီးစီး အလိုက်ကန်းဆိုးမသိ မြည်လာတဲ့ phone သံ
"Hello ဝှား ဘယ်သူပါလဲ"
အိပ်ချင်မူးတူးနဲ့ contact ကို မကြည့်မိဘဲ ကိုင်လိုက်တော့
ကြားလိုက်ရတဲ့ နားဝင်ပီယံသံလေး
"Yah ချောကလက်မ နင် ငါ့ph နံပါတ်ကို မမှတ်ထားဘူးပေါ့ ဟုတ်လား"
"အင် jungkookလား မမှတ်ထားတာ မဟုတ်ပါဘူးဟာ
ငါမကြည့်လိုက်မိတာ ပြော"
"နင် နိုးပြီပေါ့"
"Arni အိပ်ဦးမှာ"
"ဟာ မအိပ်နဲ့တော့ နင်ကလည်း မိန်းကလေး ဖြစ်ပြီး
ဒီအချိန်ထိ အိပ်ရသလား"
"ဟဲ့ ကောင်စုတ်ရဲ့ အခုမှ ၇နာရီပဲ ရှိသေးတယ်ဟဲ့
နင်သာ စိတ်ရူးပေါက်ပြီး စောစောစီးစီး သူများ
အိပ်ရေးပျက်အောင် လုပ်နေတာ"
"ဘယ်နှစ်နာရီ ရှိရှိ အခု ငါလမ်းလျှောက်ထွက်မလို့"
"အင်းလေ လျှောက်လေ လျှောက်ပေါ့"
"အိပ်ချင်မူးတူးနဲ့ ပြောမနေနဲ့ ငါနင်နဲ့ တူတူလျှောက်မလို့
အားကစားဝတ်စုံလဲပြီး ထွက်လာခဲ့ ငါနင့်အိမ်ရှေ့မှာ
စောင့်နေမယ် မြန်မြန်လာခဲ့"
"ဟင် ဟဲ့ Jungkook နေဦး ဟဲ့"
ပြောမယ့်စကားတောင် နားမထောင်ဘဲ phone က
ချသွားသည် အစုတ်ပလုတ်ကောင် အိပ်ရေးပျက်လိုက်တာ
ပါးစပ်ကသာ ပွစိပွစိရေရွတ်နေပေမယ့် လူက
ရေချိုးခန်းထဲရောက်နေပြီ မျက်နှာမြန်မြန်သစ်
သွားကို မြန်မြန်တိုက် ကိုယ်လက်သန့်စင် အဝတ်လဲပြီးတော့ နာရီကြည့်လိုက်တော့ ၇ နာရီ ၂၀
အိမ်အောက်ကို မြန်မြန်ပြေးဆင်းလာတော့ မနက်စာ
ပြင်နေသည့် ommaက
"ဟဲ့ ဘယ်သွားမလို့လဲ မနက်စာစားဦးလေ"
"လေ့ကျင့်ခန်းလုပ်မလို့ omma ရေ ပြန်လာမှ စားမယ်"
ဟောတွေ့ပါပြီ Puma တံဆိပ် နက်ပြာရောင်
လေ့ကျင့်ခန်းဝတ်စုံ အဖြူရောင်နဖူးစည်းတို့ဖြင့်
Photo model တစ်ယောက်လို ချောမောမိမိုက်နေသည့် ကိုယ်တော်
YOU ARE READING
N.E.A.R
Fanfictionငယ်သူချင်းကောင်လေးကို တိတ်တခိုးစွဲလမ်းခဲ့ရသော်လည်း best friend ဆိုသည့်သတ်မှတ်ချက်ဖြင့် စည်းခြားခံရကာ အဖြည့်ခံဘဝဖြင့်နေခဲ့ရသူ Yoo eun byul ရည်းစားထည်လဲတွဲကာ မိမိ၏အချစ်စစ်ကို ရှာဖွေစမ်းသပ်ရင်း ဘဝကို ပျော်ပျော်ကြီးဖြတ်သန်းနေသူ jeon jung kook
