Zawgyi
"ကလင် ကလင် ကလင် ကလင်"
နေ့လည်စာစားဖို့ break timeပေးသည့်
ခေါင်းလောင်းသံကြောင့် ကျောင်းသားများအလျိုအလျို
ထွက်သွားကြသော်လည်း အနားသို့အပြေးအလွှား
ရောက်လာသည်က jeon jung kook
Jung kook::Yah ချောကလက်မ ငါ့နောက်ခဏလိုက်ခဲ့
ပြောပြီးလက်ကောက်ဝတ်ကဆွဲခေါ်သွားသည်က
နှစ်ခန်းကျော်က အတန်းကို
Eun byul::Yah jung kookဘာဖြစ်လာပြန်တာတုန်း
Jung kook::ရှူး ဟိုမှာကြည့်လိုက်
သူပြသည့် နေရာကိုလှမ်းကြည့်လိုက်တော့ ဆံပင်ကို
တစ်လွှာသိမ်းထားသည့် ခပ်ချောချောကောင်မလေး
တစ်ယောက်ကိုတွေ့ရသည်
Jung kook::သူ့နာမည်က Kim Yuraတဲ့ ဘယ်လိုလဲချောလား
Eun byul::အင်း မဆိုးပါဘူး
Jung kook::မဆိုးဘူးဆို ရော့ နင်သူ့ကိုငါ့အစား
ရည်းစားစာပေးပေး
Eun byul::borr!!
အော်ထည့်လိုက်တော့ သူကခပ်အေးအေးပင် ဆက်ပြောသည်
Jung kook::ဟုတ်တယ်လေ ငါကိုယ်တိုင်သွားပေးလို့
ပါးရိုက်ခံရရင်ဘယ်လိုလုပ်မလဲ နင်က မိန်းကလေး
ပြီးတော့tomလိုလို ဘဲကွဲလိုလိုဆိုတော့ အဆင်ပြေမှာပါ
သူပြောလည်းပြောချင်စရာ ကိုယ်က အထက်တန်းရောက်
လို့ကျောင်းတောင်ပြီးခါနီးနေပြီဆိုပေမဲ့ မပြင်တတ်
မဆင်တတ် ဆံပင်ကိုလည်း ထိန်းသိမ်းရခက်သည်
ဆိုပြီး ကိုယ့်သဘောနဲ့ကိုယ်အတိုပဲထားသည်
ကုတ်ထောက်လာပြီဆို မနေတတ်တော့
စကတ်လည်းမဝတ် ဆရာမအပြောခံကာ ဘောင်းဘီပဲဝတ်သည် ပိန်ကပ်နေသည့်ကြားထဲ
အသားက ညိုသေးသည်
အဲဒါကြောင့်လည်း သကောင့်သားjeon jung kookက
ချောကလက်မဟုခေါ်လိုက် ဘဲကွဲလို့ခေါ်လိုက်ဖြင့်
သူ့ကိုယ်စား ရည်းစားစာပေးခိုင်းသည်မှာ လက်ချိုး၍ပင်
မရေနိုင်တော့
Jung kook::ချောကလက်မ ဘာတွေအတွေးလွန်နေတာလည်း မြန်မြန်သွားပေးလေ
နေဦး ငါပေးတယ်လို့လည်း ပြောလိုက်ဦးနော်
မတတ်နိုင် ကိုယ်ငြင်းလိုက်လို့ သူမျက်နှာညှိုးသွားရင်
မနေတတ်တာမို့ လုပ်ပေးရုံကလွဲ ရွေးစရာမရှိပေ
ŞİMDİ OKUDUĞUN
N.E.A.R
Hayran Kurguငယ်သူချင်းကောင်လေးကို တိတ်တခိုးစွဲလမ်းခဲ့ရသော်လည်း best friend ဆိုသည့်သတ်မှတ်ချက်ဖြင့် စည်းခြားခံရကာ အဖြည့်ခံဘဝဖြင့်နေခဲ့ရသူ Yoo eun byul ရည်းစားထည်လဲတွဲကာ မိမိ၏အချစ်စစ်ကို ရှာဖွေစမ်းသပ်ရင်း ဘဝကို ပျော်ပျော်ကြီးဖြတ်သန်းနေသူ jeon jung kook
