KS : " ထားလိုက်ပါတော့ ။ ဘယ်လိုကစားပွဲတွေလည်း ။ မင်းဘာတွေဉာဏ်များအုံးမလို့လဲ Chanyeol ။ "
Chan : " လူတစ်ယောက်ကို အယုံသွင်းတမ်း ကစားရအောင် "
KS : " ဘယ်လို "
ထူးထူးဆန်းဆန်း ။ ဒီကောင်ကွာ မင်းဘာတွေလုပ်အုံးမလို့လဲကွာ။ သူခေါင်းစဥ်ကလည်း စိတ်ဝင်စားစရာ။
Chan : " လူတစ်ယောက်ကို မင်းနဲ့ကိုယ် ဘယ်သူပြောတာယုံမလဲဆိုပြီးယှဥ်ပြိုင်ရမှာ၊ ဥပမာ အယုံသွင်းရမဲ့သူက chen ဆိုပါတော့၊ သူ့ကို ကိုယ်နဲ့မင်းက အယုံသွင်းရမယ်။ မင်းသူ့ကို ယုံအောင်ပြောနိုင်ရင် မင်းနိုင်တယ်။ ကိုယ်က ယုံအောင်ပြောနိုင်ရင် ကိုယ်နိုင်တယ်။ဘယ်လိုလဲ "
KS : " အနိုင်အရှုံးက ဘာကြေးလဲ "
Chan : " ဟော မင်းစိတ်ဝင်စားတယ်မလား။ နိုင်တဲ့သူက ရှုံးတဲ့သူဆီက ဆုတစ်ခုတောင်းကြေးပေါ့။ ရှုံးတဲ့သူက နိုင်တဲ့သူတောင်းဆိုတဲ့အရာကို လိုက်လျောကြည်ဖြူစွာပေးရမယ် "
KS ခနလောက်စဥ်းစားလိုက်တယ်။ သူနဲ့အဆက်အသွယ်မရတာထက်စာရင် တစ်ခုခုကို စိန်ခေါ်ပြီးကစားနေရတာက KS အတွက်ပိုပြီးစိတ်ဝင်စားဖွယ်ကောင်းမယ်ထင်ပါရဲ့။ ကျန်ခဲ့တဲ့ရက်ပိုင်းတွေမှာသူလည်း အလုပ်တွေနဲ့ပိနေခဲ့တာမလား ။
KS : " အယုံသွင်းရမဲ့သူက ဘယ်သူလဲ။ "
Chan : " မင်းရဲ့အဖေ "
KS : " ဘာ!! "
Chan :"ဖြည်းဖြည်းအော်ပါကွာ။လန့်လိုက်တာကိုယ်လိပ်ပြာလွင့်သွားရင် မင်းကြောင့်နော် KS "
KS : " မင်းကွာ ဘာတွေကြံနေပြန်တာလည်း။ မင်းက ပါး ကို တမင်သက်သက် ဝင်ရောပြီးမိတ်ဆွေဖွဲ့ထားတာကိုက မရိုးသားတာ "
Chan : " ကိုယ်ရိုးသားတယ်လို့ မဆိုချင်ပါဘူး KS ။ အမှန်တိုင်းပြောရရင် ဒီကစားပွဲကို ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်ခဲ့တဲ့သဘောပါ။ မဖြစ်နိုင်တဲ့အဖြစ်ပျက်တစ်ခုကို တကယ်ဖြစ်ခဲ့သလို အန်ကယ်ယုံသွားအောင် မင်းနဲ့ကိုယ်က ယှဥ်ပြိုင်ကစားရမှာ ။ ဘယ်လိုလဲ ကစားရမှာလား "
KS : " မင်းလုပ်ပုံက ပါး ကို အရူးလုပ်သလိုဖြစ်မနေဘူးလား။ တကယ်မဟုတ်တာကို အဟုတ်ထင်အောင် လူကြီးကို လှည့်စားရမှာလေ "
Ch-42
Start from the beginning