Chan ph တွေတောက်လျှောက်ခေါ်နေမဲ့ ကိုင်မဲ့သူမရှိ။ အခုချိန်မှာသူတွေးနေမိတာ ph ခေါ်ရင် တစ်ဖက်လူက မကိုင်တဲ့ခံစားချက်က အခုလိုပဲဆိုတာ။ ပြီးတော့ အဲ့လူကချစ်ရတဲ့ဖြစ်နေတာကြောင့် ခံစားရတာထက်ပိုပါတယ်။ သူသိတာပေါ့ KS ဘာကြောင့် ဒေါသတကြီး ph ချသွားလဲဆိုတာ။ တောင်းပန်ပါတယ် KS မင်းရဲ့phနံပါတ်ကို မမှတ်မိခဲ့လို့။ သူအင်းလျားကန်ကအပြန် KS ဆီမှာ ph နှစ်လုံးကိုမြင်ခဲ့တာကြောင့် သူ့အပေါ်မှာ သံယောဇဥ်ရှိသေးတယ်ဆိုတာ သေချာသွားခဲ့တာ။ ဒါပေမဲ့ KS ရဲ့ ph နံပါတ်ကို လုံးဝစဥ်းစားလို့မရခဲ့။ သူနဲ့ပြောခဲ့တဲ့ phလေးက စက်တောင်ဖွင့်လို့တောင်မရတော့။ Kai ပေးခဲ့တဲ့ ph နံပါတ်ကိုခေါ်လိုက်ပေမဲ့ ကြည့်ရတာ Kai သူ့ကို ph နံပါတ်ပေးသွားတာကို KS ကသိနေတဲ့ပုံ။ မင်းကိုညာလို့မရဘူးဆိုတာသိပေမဲ့ မင်းရဲ့အသံလေးကြားချင်လို့ဆက်ခဲ့ ph ဆက်ခဲ့တာပါကွာ။ KS နဲ့အနေနီးမှသိရတဲ့အချက်တစ်ခုက သူက အသေးအဖွဲ့လေးကစပြီး ခံစားတက်တာ။ပြီးတော့ negative တွေပဲတွေးတက်တဲ့ KS ကိုမှ။ Park Chanyeol မင်းတော့ အမှားအကြီးအကြီးလုပ်လိုက်မိပြန်ပြီ။ နောက်တော့ Kai တို့ကို ph ဆက်ခေါ်ရတော့တယ်။

Chan : " ဟယ်လို jongin လား "

Baek : " မဟုတ်ဘူးငါ Baekhyun။"

Chan : " ကျစ် အဲ့တာဆို မင်းရဲ့ယောင်္ကျားကိုခေါ်ပေး "

Baek : " ဘာ!! သူကမှမင်းယောင်္ကျား။ "

" ခွီ ဟား ဟား ဟား "

တကယ်တော့ သူတို့တစ်ဖွဲ့လုံး Chen နဲ့ Minseok ဆိုင်ကို ရောက်နေကြတာပါ။ Kai က သူ့ဆီကို Chan ဖုန်းဆက်လာတာကြောင့် Baek ဆီကိုဖုန်းကိုပစ်ပေးလိုက်ပြီး ပြောခိုင်းလိုက်တာ။ နောက်ပြီး speaker ဖွင့်ထားတာကြောင့် အကုန်လုံးက ဝိုင်းရယ်ကြတာပါ။ Kai ကတော့မျက်နှာကို ဖြီးလို့။

Baek : " သေမလို့ ရယ်နေကြတာလား။ "

ဒါတောင်တစ်ယောက်မှအရီမရပ်ကြသေး ။ နောက်တော့ Kai ကပဲ ph ကိုပြန်ကိုင်ကာ

Kai : " အေး ပြောလေ yeolli "

Chan : " ဘာဖြစ်နေကြတာလဲ။ အသံတွေက အကုန်လုံးအတူတူရှိနေကြတာလား "

Kai : " ဟုတ်တယ်လေ speaker လည်းဖွင့်ထားတယ် "

Chan : " မင်းကတော့ ပါပီပေါက်မျက်နှာကြီးရဲနေမှာမြင်ယောင်နေပြီ"

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Where stories live. Discover now