Chapter (3) The End နှစ်ယောက်အတူတူ / နှစ်ယောက်အတူတူ

12.2K 1.9K 63
                                    

{Zawgyi}

ဒါ့ကြောင့်တုဝေကောင်းကသူ့မိသားစုရဲ့အာဏာကိုသုံးပြီး ချူးပိုင်တက်တဲ့မူလတန်းကျောင်း အလယ်တန်းကျောင်းတွေကိုပါလိုက်တက်ဖို့
တွန့်ဆုတ်မနေတော့ပေ။ တုဝေကောင်းကသူ့ရဲ့စာမေးပွဲရလဒ်နဲ့ပတ်သက်ပြီး
စိတ်ထဲမထားချေ။ မွေးလာကတည်းက မှတ်ညဏ်ကောင်းကောင်းနဲ့မွေးလာတာကြောင့် အမှတ်ပြည့်နဲ့ပထမနေရာရလေ့ရှိတယ် ဒါမှမဟုတ်လည်း အမှတ်ပြည့်ရခါနီးထိရလေ့ရှိသည်။

နောက်ပိုင်းမှာတော့ 'စာဂျပိုးနတ်ဘုရားလေး' ဆိုပြီးအမည်တွင်လာတော့သည်။ ဒီအကြောင်းတွေကိုဂရုမစိုက်ပေမဲ့လည်း ပိုင်ပိုင်လေးက သူ့ရဲ့အာရုံတွေကိုတုဝေကောင်းမှာရှိနေတာကိုမြင်ရတဲ့အချိန်မှာ တုဝေကောင်းတကယ်စာကြိုးစားလာခဲ့သည်။ ပထမနေရာကသူ့အတွက်ပဲ ပိုင်ပိုင်လေးရဲ့အာရုံစိုက်မှုကလည်းသူ့အတွက်ပဲ ဘယ်သူမှသူ့ဆီကခိုးယူသွားလို့မရဘူး

အလယ်တန်းတုန်းကပိုင်ပိုင်လေးရဲ့ချစ်စရာကောင်းမှုကိုပြမ်တွေးကြည့်ရမယ်ဆိုရင် ... တုဝေကောင်းရဲ့မျက်လုံးထဲမှာလွမ်းရိပ်တွေသန်းသွားသည် ထို့နောက် သူ့ရဲ့နှုတ်ခမ်းထောင့်လေးဟာလည်းမသိမသာကော့တက်သွားသည်

အတိတ်ကနေ့ရက်တွေဟာ သူ့အတွက်တော့ရတနာတစ်ပါးလိုပင် တစ်ခါတုန်းကသူနဲ့ပိုင်ပိုင်လေးနဲ့နီးစပ်ခဲ့စဉ်အခါကပေါ့...အဲ့ဒါကသူဂျူနီယာညီမလေးအနေနဲ့ဟန်ဆောင်ခဲ့စဉ်အခါကပေါ့ အချိန်တိုင်းရင်းနှီးတဲ့စကားလုံးတွေကိုသုံးပြီးစာတွေကတစ်ဆင့်သူနဲ့အဆက်အသွယ်လုပ်ခဲ့တယ် သူအရမ်းပဲပြောပြချင်ခဲ့တယ် အဲ့ဒါကသူပါဆိုတာကိုခနလောက်ပဲဖြစ်ဖြစ်ပိုင်ပိုင်လေးဆီကအသိအမှတ်ပြုခံချင်ခဲ့တယ် ဒါပေမဲ့တရက်မှာတော့ခါတိုင်းလိုပဲစာလေးထားခဲ့တယ် ဒေါသပုန်ထနေတဲ့ကောင်လေးတ၀်ယောက်ဘေးနားမှာရပ်နေတာကိုသူမြင်လိုက်ရတယ် ရုတ်တရက်သူ့နှလုံးသားထဲကကြေကွဲသံကြားလိုက်ရတယ်

"ခွမ်း" တိတ်တဆိတ်ဖန်သားပြင်လေးဟာအစိတ်စိတ်အမွာမွှာကြေကွဲသွားသလိုပင်

တုဝေကောင်းတစ်ခနလောက်ကြက်သေသေနေပြီးမှ သရဲကိုမြင်လိုက်ရတဲ့အတိုင်းဖြစ်နေတဲ့ချူးပိုင်ရဲ့အမူအရာကိုတွေ့လိုက်ရတယ်

🎉 You've finished reading တကယ်တော့ ငါ့ရန်သူက ငါ့ကိုတိတ်တိတ်လေးချစ်နေတယ် [ဘာသာပြန်] ✔️ 🎉
တကယ်တော့ ငါ့ရန်သူက ငါ့ကိုတိတ်တိတ်လေးချစ်နေတယ် [ဘာသာပြန်] ✔️Where stories live. Discover now