Luhan : " သေတယ်ဆိုတဲ့စကားကပြောလို့ကောင်းတာလား KS ။ "

Sehun : " အေးလေ ။ "

Suho : " မင်းဘာပြောလိုက်တာလဲ မသိပေမဲ့ ။ ဟိုက မျက်ရည်တွေဝဲပြီးပြန်သွားတာ "

KS : " ဘာ!! "

Park Chanyeol ငါရှေ့မှာတော့ ငါ့ကိုဘဲ ပြန်ပြီးစိန်ခေါ်တော့လိုနဲ့။ သူ့ယောက်ဖတွေရှေ့ကျတော့ လုပ်ပြသွားတာများ။ တွေ့ကြသေးတာပေါ့။

KS : " ဟာ ငါသူ့ကိုဘာမှမပြောဘူး။ သူဘာသာ ဖြစ်နေတာ ဘာလို့ငါ့ကိုအပြစ်လာပြောနေတာလဲ "

Lay : " သူကမင်းကဘာမှမပြောဘဲ အဲ့လို့ဖြစ်မဲ့သူလား ။ "

KS : " ဟာ ငါလည်းဘာမှမလုပ်ရပါလားကွာ။ သူဘာဖြစ်လဲ မင်းတို့ဘာသာသွားမေးပါလား။ "

Kris : " သူအဲ့လိုဖြစ်သွားအောင်လုပ်နိုင်တာ မင်းတစ်ယောက်ပဲရှိတာကို သွားမေးစရညလိုလို့လား "

KS : " ဟာကွာ Park Chanyeol မင်းတော့ ငါနဲ့တွေ့ကြည့်အသေပဲ "

Tao : " မင်းက သူ့ကိုအပြစ်တင်နေသေးတာလား "

KS : " ဟာ မင်းတို့အကုန်လုံးကို သူက ဘာတွေပေးထားလို့ သူ့ဘက်လိုက်နေကြတာလဲ ။ တကယ်ကွာ။ မသိဘူး။ ပြန်ပြီ နားငြီးတယ် "

ph ထုက်ကာ လမင်းဆီ ph ဆက်လိုက်ပြီး

KS : " လမင်း ကိုကိုပြန်နှင့်ပြီနော်။ ဖြစ်တယ်မလား "

လမင်း : " ဖြစ်တယ် ကိုကို ။ လမင်း သူငယ်ချင်းက လိုက်ပို့ပေးမယ်တဲ့။ "

KS : " ကောင်းပြီ အဲ့တာဆို ကိုကိုပြန်ပြီနော် "

လမင်း : " ဟုတ် "

KS : " မင်းတို့ကောင်တွေ ငါ့ဘက်ကျတော့တစ်ယောက်မှမပါကျဘူး။ ဟိုကောင်ကို မင်းတို့သနားနေ "

Baek : " မင်းလုပ်တာမဟုတ်ဘူးလား "

KS : " အဲ့ကောင် ဟန်ဆောင်ပြီး ဂျင်းထည့်သွားတာကို မင်းတို့ယုံတယ်လား "

Chen : " မင်းလောက် ဟန်ဆောင်ကောင်းပါ့မလား "(ကိုယ်ရဲ့actor Do လေးက အရမ်းတော်တာကို 😁)

KS : " သူက ငါ့ထက်တောင် ဟန်ဆောင်ကောင်းသေးတယ်"
(ကိုယ့်လူကိုမြှောက်နေတာ 😂)

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Where stories live. Discover now