လမင်းက အိမ်ထဲကို သူ့ကိုခေါ်ပြီးဝင်လာတာကြောင့် KS ကမန်းကတန်း အိမ်ရှေ့ထွက်လိုက်ရတယ်။

KS : " ညလေး ။ ပြောတော့ ဒီနေ့မလာဘူးဆို "

လမင်း : " ဘာလဲ ကိုကို မလာစေချင်တာလား။ "

KS : " မဟုတ်ရပါဘူးဗျာ။ ကဲပြော ညလေး ကိုကို့ကို ​ဘာပြောမလို့လဲ။ ဘယ်သွားချင်လို့လဲ "

လမင်း : " ကိုကိုက ညလေး ပြောစရာတောင်မလိုဘူး ။ ကြိုသိနေတယ်။ ညလေး အင်းလျားကန်သွားချင်လို့ လိုက်ပို့ပေးပါလား "

KS : " အခုလား ။ "

လမင်း: " ဟုတ် အခုသွားချင်တာ "

KS : " ok လေ။ ကိုကို အင်္ကျီလဲလိုက်အုံးမယ် ခနစောင့်။ "

လမင်း : " ကိုကိုကအရမ်းချစ်ဖို့ကောင်းတာပဲ။ ညလေး ကားပေါ်ကပဲစောင့်မယ်လေနော်။ "

KS : " သဘောပါဗျာ။ ခင်ဗျားလေးစိတ်ကြိုက်သာလုပ် "

KS အခန်းထဲပြန်ပြီး အဝတ်စားလဲကာ ပြန်ထွက်လာတော့ ကလေးမက ကားတောင်ခြံပြင်ထုတ်ထားပြီးပြီ။ ဒီနေ့မှဘာတွေ ပျာယာခတ်နေမှန်းမသိဘူး။

KS : " ဘာတွေအရေးကြီးနေတာလဲ။ ခနတောင်မစောင့်နိုင်ဘူး "

လမင်း: " ကိုကိုကလည်း မစောင့်နိုင်တာမဟုတ်ပါဘူး။ ကိုကို အတွက်အဆင့်သင့်လုပ်ပေးထားတာ "

KS : " အေးပါကွာ။ ခင်ဗျားလေးကိုတကယ်မနိုင်ဘူး "

လမင်း : " ကဲ ကိုကိုရယ် စကားတွေများလိုက်တာ မောင်းစရာရှိတာ မမောင်းဘူး "

KS ဘာမှပြန်မပြောဘဲ သူ့ကိုတစ်ခိင်ကြည့်ကာမောင်းထွက်လာလိုက်တယ်။ ဒါတောင် ဒင်းလေးက ပြောင် စပ်စပ်လုပ်နေသေးတာ။ ဒီနေ့ ဘာများပျော်စရာရှိနေပါလိမ့်။ မျက်နှာက မှိုရနေတဲ့မျက်နှာမျိုး။ ဘာဖြစ်ဖြစ်ပါလေ မတွေးတာပဲကောင်းပါတယ်လေ။ KS တို့ အင်းလျားကန်ကိုရောက်တော့

လမင်း : " ကိုကို ဟိုး..မှာမြင်နေရတဲ့ သစ်ပင်နားက ခုံမှာ ခနစောင့်နေပါလား။ လမင်း သူငယ်ချင်းက Japan ကနေလိုက်လာတာမနေ့ကမှရောက်လာတယ်သိလား။ လမင်း ကိုတွေ့ချင်တယ်ဆိုလို့ ထွက်လာတာ။ ဒယ်ဒီသိရင်ဆူမှာစိုးလို့ ကိုကို့ကိုခေါ်လာတာ ။ အဲ့တာ ကိုကို စောင့်ပေးမယ်မလား။ aww သူငယ်ချင်းက မိန်းကလေးသိလား။ ကိုကိုအထင်လွဲနေမှာဆိုးလို့"

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Where stories live. Discover now