Chen : " ဘာစာချုပ်လဲ "

Sehun : " ဘာစာချုပ်ဖြစ်ရမှာလဲ hyun နဲ့ကျွန်တော့်ကို သဘောတူကြောင်း စာချုပ်ချုပ်ခိုင်းမှာလေ။ အဲ့တာမှယုံရမှာ"

Minseok : " သောက်ကလေးစုတ် ကိုယ့်အဖေတောင်။ ခေါက်လိုက်ရင်သေတော့မယ် "

Sehun : " minseok hyun နော် ကျွန်တော် ငြိမ်မခံဘူးနော် "

Minseok : " ငြိမ်မခံတော့ဘာလုပ်ချင်လို့လဲ မင်းက"

Luhan : " တော်ပြီ hun လေး။ မ စနဲ့တော့ "

Sehun : " ဟုတ် "

အကုန်လုံးက sehun ကိုဘေးမဲ့ပေးလိုက်တော့တယ်။ သူ့ hyun ရှေကျ လိမ္မာချင်ယောင်ဆောင်နေတာများ။ သူ့ hyun မရှိရင် သူ့ရှေ့မှာထိုင်နေတဲ့သူတွေက သူ့ထက်အငယ်လို ဆက်ဆံတဲ့ ကလေးဆိုးကြီးကို ဘာမှမပြောကြတော့ ။ နောက်တော့ yixing က

Lay : " ငါတို့ကိစ္စတွေ အဆင်ပြေသွားတာ ထူးဆန်းသလိုပဲမထင်ဘူးလား "

Kris : " ဘာကိုလဲ "

Lay : " မဟုတ်ဘူး မင်းစဥ်းစားကြည့်စမ်းပါ။ ငါတို့ကို ခါးခါးသီးသီးငြင်းနေတဲ့ မိဘတွေက ငါတို့ကို သဘောတူလိုက်တယ်ဆိုတာက ထူးဆန်းနေသလိုပဲ "

Luhan : " ငါကြားတာကတော့ ငါတို့နဲ့ပက်သက်ပြီး ငါတို့မိဘတွေဆီကနေငွေညစ်တာနဲ့ ရှယ်ယာတွေကိုတောင်းတယ်လို့ပြောတယ်။ နောက်ပြီး မီဒီယာတွေကို ဖြန့်မယ်လိုပြောပြီး ဘာသတင်းမှထွက်မလာလို့တောင် ငါ့မိဘတွေက အံ့သြနေသေးတာ။ "

Chen : " အကိုကသိနေတာလား ။ "

Luhan : " omm အကိုက အိမ်က သားအကြီးပဲလေ အကိုကသိရတာပေါ့။ အကိုထွက်သွားရတာကလည်းအဲ့တာကြောင့်ပဲထွက်သွားရတာ။ အကိုလိုက်စုံစမ်းတော့ သတင်းအစနတောင်မရခဲ့ဘူး။ ကိုယ်လည်း စာတစ်ဖက်နဲ့မအားတာကြောင့်သေချာမစုံစမ်းဖြစ်တော့တာ"

Minseok : " ပြန်စုံစမ်းကြည့်မလား "

Kai&Baek : " မလိုတော့ဘူး "

ဘာမှဝင်မပြောတဲ့နှစ်ယောက်က ဝင်ပြောလာတာကြောင့်

Minseok : " အကုန်သိနေတာလား "

Chen : " ငါထင်တာမမှားဘူးမလား "

Baek : " ဟုတ်တယ် ။ မမှာဘူး။ ငါရယ်၊ Jongin ရယ် ၊ Ks နဲ့ chan ရောပဲ ။ KS က Chan ပါနေတယ်ဆိုတာမသိဘူး။ ကျန်တာအကုန်လုံးသူ့ရဲ့စနစ်တွေလေ။ အစက ငါနဲ့ KS က သူနဲ့ငါ့မိဘတွေကို လုပ်ကြံသူအကြောင်းစုံစမ်းနေကြတာလေ။ (မှတ်မိကြလား။ မှတ်မိမယ်လို့တွေးထားတာနော်။) Japan မှာ Kaiနဲ့Chan က ရိပ်မိပြီး ကူညီမယ်ပြောလာတာကြောင့် အကူအညီကိုလက်ခံခဲ့တာ။ မင်းတို့ကိုမပြောတာက ငါတို့စိတ်ညစ်စရာကိစ္စတွေထဲ ဆွဲမထည့်ချင်တာကြောင့်ပါ။ KSက Japan မှာကတည်းက ငါတို့နောက်လိုက်လာတဲ့သူကိုရိပ်မိတာ။ သူရယ်မောနေပေမဲ့ သတိမလွတ်ဘူးလေ။ ငါတို့နောက်လိုက်တဲ့သူကို သူက ပြန်ပြီးနောက်ယောင်ခံပြန်လိုက်ခိုင်းသေးတာ။"

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Where stories live. Discover now