(7) Lover Jeon Jung Kook

720 106 158
                                    

Zawgyi 😍

အချစ်ဆိုတာကတော့ တစ်ယောက်နဲ့ တစ်ယောက် ချစ်နေဖို့သာပါ ။ မဆန်းပြားလဲ ရတယ် ၊ မခမ်းနားလဲ ရပါတယ်။ အရိုးသားဆုံး ချစ်တတ်ဖို့သာ အဓိကပါ။

ထိုထိုသော အချစ်တွေဟာ ရိုးရိုးလေးနဲ့ပဲ
ကျွန်မ နှလုံးသားအတွင်း ခိုဝင်လာခဲ့တယ်လေ။
သူ့ရဲ့ ယုန်သွားလေးတွေပေါ်တဲ့ အပြုံးလေးမှ
တဆင့်။
သူ့ရဲ့ နှုတ်ခမ်းအောက်က မှည့်နက်လေးမှတဆင့်။
သူ့ရဲ့ လက်ဖျံရိုးပေါ်က တက်တူးသေးသေးလေးတွေမှတဆင့် ။

ဂျွန်ဂျုံးဂု ဆိုတဲ့ မောင်နဲ့ ကျွန်မ ရဲ့အချစ်ဇာတ်လမ်းလေးကတော့ ရိုးရိုးရှင်းရှင်းလေးနဲ့ ဒီလိုလေးပါပဲ။

*******

ပထမဆုံး စတင်တွေ့ဆုံမှုကတော့ အလွဲလွဲအချော်ချော်လေးတွေ ဖြစ်တတ်တဲ့ ကျွန်မ ပီသစွာပင် အလွဲတွေကြားကပဲ သူနဲ့ ဆုံစည်းခဲ့သည်။ ရုတ်ရုတ်သည်းသည်းဖြစ်သွားစွာ။ ကသောင်းကနင်းဆန်စွာ။

ကျန်းမာရေးကို အလေးထားသူပီပီ မနက်စောစော လမ်းလျှောက်ခြင်း ၊ ပြေးခြင်း ၊ စက်ဘီးပတ်စီးခြင်းစသည့် လေ့ကျင့်ခန်းမျိုးစုံကို လုပ်နေကျဖြစ်သည်မို့ ထိုနေ့ကလဲ မိမိစီးနေကျ စက်ဘီးလေးဖြင့် ရပ်ကွက်ထိပ်က ပန်းခြံဆီ ဦးတည်ကာသွားရင်း စီးနင်းဖြစ်ခဲ့သည်။

အတန်အသင့် ကျယ်ဝန်းတဲ့ ပန်းခြံဖြစ်သည်မို့ မနက်စော လေ့ကျင့်ခန်းလုပ်သူများ ၊ အပန်းဖြေအနားယူသူများနှင့် စည်ကားလျက်တော့ ရှိလေသည်။

ပန်းခြံအတွင်း တပတ်ပတ်ပြီး ၊ မိမိရဲ့ မူပိုင်နေရာလေးမှာ လေ့ကျင့်ခန်းအေရိုးပစ် လုပ်ပြီးသည်အထိ အခြေအနေအားလုံး ကောင်းမွန်ပြီး အဆင်ပြေချောမွေ့ခဲ့၏။

ပြသနာက ပန်းခြံအထွက်မရောက်ခင် လမ်းဆင်းလေးတွင် စတင်ခဲ့လေတော့သည် ။ ပုံမှန်သာနင်းနေရင်းမှ ဆင်ခြေလျောသဖွယ် ဖြစ်နေတဲ့နေရာလေးအရောက် စက်ဘီးဘရိတ်ကို အသာအုပ်ရင်း ထိန်းလိုက်ချိန်မှာပဲ "ထောက်" ကနဲဟူသော အသံတခုကို ကြားမိသယောင်ခံစားလိုက်ရသည်။ ထို့အတူ လက်ကိုင်ဘရိတ်ကို မိမိရရဆွဲထားသော်လည်း အရာမယွင်းတော့သည့် အနေအထား ၊ စက်ဘီးရဲ့ အရှိန်ဟာ တဟုန်ထိုးဖြင့်သာ ဆက်လက်၍ ။

ARMY နှင့် ချစ်သူနတ်သားလေးများ [Completed]Where stories live. Discover now