(6) Lover Kim Tae Hyung

699 108 69
                                    

Zawgyi

အခြေအနေတစ်ခုနဲ့ အချိန်အခါတစ်ခု တိုက်ဆိုင်သွားတဲ့အခါမှာတော့ မထင်မှတ်ထားတဲ့ သိမ်မွေ့နူးညံ့ လှပတဲ့ အချစ်တွေဟာ နှလုံးသားထက်ကနေ လျံကျလာ တတ်တယ်၊

တစ်ယောက်သောသူအတွက်
ရည်ရွယ်ပြီးတော့ပေါ့….။

______.....______

ကင်ထယ်ယောင်း ဆိုတဲ့ ကျွန်မရဲ့ ချစ်သူလေးက
ကျွန်မ နှလုံးသားအတွင်း ချဉ်းနင်းဝင်ရောက်လာခဲ့တဲ့ အဖြစ်အပျက်လေးတွေကို ပြန်တွေးမိတိုင်းမှာတော့ အခုချိန်ထိလဲ တိုးတိတ်စွာ ရင်ခုန်မိဆဲပါ။ စွဲလမ်းစွာ ငြိတွယ်ဆဲပါ။

ထိုသို့ တွေးလိုက်မိတာနဲ့ မျက်လုံးထဲမှာ ဦးစွာ ပြန်မြင်ယောင်မိတာကတော့ သူနဲ့ အပြင်မှာ စတင်ဆုံတွေဖို့ ဖြစ်လာခဲ့ရတဲ့ Memories ဆိုတဲ့ English သင်တန်းလေးနဲ့ “Good Boy V” ဆိုတဲ့ TikTok Acc လေးတစ်ခုကိုသာ….။

မျက်လုံးလေးတွေ ဖြည်းညင်းစွာ မှိတ်ချပြီး
စိတ်အစဉ်ကို အတိတ်စာမျက်နှာဆီသို့သာ
သွားခွင့်ပြုလိုက်တော့ ဟော ကြည့် ကျွန်မ ပြုံးနေမိပြန်ပြီ။

ကျွန်မရဲ့ အပြုံးတိုင်းကို ဖြစ်တည်စေခဲ့တာလဲ ကင်ထယ်ယောင်းဆိုတဲ့ သူသာ….။

______.....______

တစ်နေ့တာစတင်ဖို့ နေမင်းရဲ့ အလင်းတွေ ဖြန့်ကျက်ထားပြီး ကြည်ပြာရောင် ကောင်းကင်ကြီးကလဲ အားမာန်အပြည့်နဲ့ ဆွဲဆောင်မှုရှိနေလေရဲ့။

ရာသီဥတုကောင်းမွန်ပြီး သာယာလှပလွန်းတဲ့ နေ့လေးဟု ဆိုရပေလိမ့်မည်။ ထိုနေ့ကတော့ ကျွန်မတို့ နှစ်ယောက် စတင်ဆုံတွေ့ခဲ့ရတဲ့နေ့လေးပေါ့။ တကယ့်ကို ရိုးရိုးရှင်းရှင်းလေးပါပဲ။

“Memories” ဆိုတဲ့ သင်တန်းဆိုင်းပုဒ်လေးရှိရာ အဆောက်အဦးအတွင်း ၀င်ရောက်ခဲ့မိတော့ စိတ်ထဲမှာ ပညာရပ်တစ်ခု ထပ်မံလေ့လာခွင့်ရဦးတော့မယ်ဆိုတဲ့ အသိနဲ့ မိမိကိုယ်ကိုယ်မိမိ ကျေနပ်ဂုဏ်ယူလျက် ရှိနေခဲ့မိသည်။

English သင်တန်းလေးကို တက်ရောက်ဖို့ ဆုံးဖြတ်ခဲ့မိတာကလဲ ကမ္ဘာကြီးက ရွာကြီးတစ်ရွာလို ဖြစ်လာတဲ့အချိန်မှာ မိမိရဲ့ ဘာသာစကားပြောစွမ်းရည်က ကမ္ဘာပတ်လို့ ရနိုင်လောက်သည်အထိ မမြင့်မားသေးတာကတစ်ကြောင်း ၊

ARMY နှင့် ချစ်သူနတ်သားလေးများ [Completed]Where stories live. Discover now