စာကြည့်စားပွဲကနေဝရုန်းသုန်းကာထပြီး ပြင်ဆင်ရတော့တယ်။ အိမ်ကလူတွေတောင်ဘယ်သွားမယ်ဆိုတာမပြောခဲ့ရဘူး။ ခြံရှေ့ရောက်မှ ခြံစောင့်ကိုပြောကာ ကားကို အမြန်ပြီးထွက်လာခဲ့တယ်။ ဒါတောင် ဆိုင်ရောက်တော့ ၄ နာရီ ကွက်တိ ။ Hyun ကတော့ရောက်နှင့်နေပြီ။ Kai သက်ပြင်းချကာ hyun နဲ့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်တယ်။

Kai : " ကျွန်တော် နောက်မကျဘူးမလား "

Hyun : " ညီနောက်ကျလဲရပါတယ်။ hyun က စာလုပ်နေတဲ့သူကို အိမ်ပြင်ခေါ်ထုတ်တာဆိုတော့ စောင့်ရမှာပေါ့"

Kai : " ကျွန်တော့်ကို ဘာပြောမလို့လဲ hyun "

Hyun : " မင်းသူငယ်ချင်း Yeolli အကြောင်းတိုင်ပင်မလို့ပါ။ "

Kai : " yeolli ဘာဖြစ်လို့လဲ hyun "

yeolli ဆိုတဲ့အသံကြောင့် ဆိုင်ထဲမှာရှိနေတဲ့ minseok နဲ့ chen ပါ သူတို့ဝိုင်းကို နားစွံလာကြတယ်။ Kai ဝင်လာကတည်းက ထူးဆန်းတယ်ဆိုပြီးကြည့်ကြနေတာ။

Hyun : " မင်းသိတဲ့အတိုင်းပဲ KS ကြောင့်ပဲပေါ့။ အရင်ကထက် မျက်နှာက ပိုနွမ်းလာတယ်။ အလုပ်တွေဖိလုပ်နေတာကြောင့် အိပ်ရေးပျက်တဲ့ညတွေလည်းမနည်းတော့ဘူး။ အဲ့အတိုင်း လွှတ်ထားလိုက်ရင် ကြာရင်မလွယ်ဘူး။ သူလဲသွားလိမ့်မယ်။ အဲ့တာကြောင့် မင်းကိုအကူအညီတစ်ခုလောက်တောင်းချင်လို့ "

Kai : " ဘာအကူအညီလဲ hyun ။ ကျွန်တော် ကူညီမယ် "

Hyun : " သူတို့နှစ်ယောက်ကို မျက်နှာချင်းဆိုင်တွေ့ပြီး ဖြေရှင်းစေချင်တာ။ အခုလိုဖြစ်နေတာတွေက နှစ်ယောက်လုံးအတွက် မကောင်းဘူး။ "

Kai : " အဲ့တော့ ကျွန်တော်က ဘာလုပ်ပေးရမှာလဲ "

Hyun : " KS ကိုခေါ်ထုတ်လာရုံပဲ hyun လဲ ခေါ်ထုတ်လာမယ်လေ တစ်နေရာမှာ သူတို့နှစ်ယောက်ကို တွေ့ခိုင်းကြတာပေါ့ "

Kai : " ဖြစ်ပါ့မလား hyun "

Hyun : " ဖြစ်အောင် လုပ်ရမှာပေါ့ "

Kai : " ကျွန်တော် KS ကို ဘယ်လိုခေါ်ထုတ်..."

Chen : " KS ကို ခေါ်ထုတ်ဖို့ ငါတို့တာဝန်ထား "

Kai တို့ အနားရောက်လာတဲ့ Chen က ဝင်ပြောတာပါ။ Chen နဲ့အတူပါလာတဲ့ Minseok ကပါ

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Where stories live. Discover now