"အရမ်းဖြူစင်တယ်၊ သိမ်မွေ့တယ်၊ နူးညံ့လွန်းတော့ အမြဲအနိုင်ကျင့်ခံရတယ်၊ သူ့ကိုကာကွယ်ပေးရင်း အစ်ကိုအမြဲတမ်း လူကြမ်းကြီးလုပ်ခဲ့တာပေါ့"
ပြောနေရင်းက ရဲဇာနည်၏ မျက်ဝန်းတွေ ရဲတက်လာသည်။
"တစ်ရက်တော့ ကျောင်းကလူမိုက်အုပ်စုက လက်ကိုသံချွန်နဲ့ထိုးလိုက်တယ်၊ အချိန်မီ မကာကွယ်ပေးနိုင်ခဲ့ဘူး၊ အဲ့နေ့က အရမ်းဝမ်းနည်းတာပဲ၊ အစ်ကို့ရင်ဘက်ကို အထိုးခံရသလို နာကျင်တယ်၊ ဒဏ်ရာက ကြီးလွန်းလို့ အမာရွတ်ကသေရာပါပဲ..."
"အဲ့ဒီတုန်းက နာလွန်းလို့ ရှိုက်ငိုနေရင်း သူပြောခဲ့တာက...'မင်းကြီးလာရင်ရဲအရာရှိကြီးလုပ်ပြီး ငါ့ကို ကာကွယ်ပေးပေါ့...'တဲ့"
"အဲ့ဒါကြောင့်လား မိဘတွေ သဘောမတူတာတောင် ရဲလုပ်ဖို့ရွေးချယ်ခဲ့တာ"
"အင်း"
လက်ထဲက ဘီယာဘူးကို မောသောက်ရင်း ရဲဇာနည် လေးဖင့်စွာ ပြန်ဖြေလိုက်သည်။
"သူ့ညာလက်မှာ ဟမ်းချိန်းလေးတစ်ခု အမြဲဝတ်ထားတယ်၊ သူပြောတာတော့ အဖေက လက်ဆောင်ပေးတာတဲ့... လက်မှုပညာရှင်ဆီမှာ သီးသန့်လုပ်ထားတာမို့ တစ်ခုပဲရှိတယ်တဲ့၊ သူအရမ်းသဘောကျတဲ့ ပစ္စည်းလေး အမြဲတမ်း ပတ်ထားခဲ့တာ"
ရဲဇာနည်ပြောနေရင်းက နေဘုန်းလက်ကောက်ဝတ်က ဟမ်းချိန်းလေးဆီ ငေးစိုက်ကြည့်နေသည်။
"တစ်ရက်တော့ သတင်းဆိုးတစ်ခုကြားရတယ်၊ ယုန်ဖြူလေးအဖေ အသတ်ခံရတယ်တဲ့... အဲ့ဒီတုန်းက ငိုနေတဲ့ယုန်ဖြူလေးကို ကတိတစ်ခုပေးခဲ့တယ်၊ မင်းအဖေကိုသတ်တဲ့ တရားခံ ကိုယ်ရအောင်ဖမ်းပေးမယ်လို့"
"အဲ့ဒါကြောင့် Case-950617 ကို ယူထားတာလား..."
"ညီက အဲ့အမှုကို ဘယ်လိုသိတာလဲ"
တအံ့တဩ မေးလာတဲ့ ရဲဇာနည် အမေးကို နေဘုန်းက ခပ်ဖြည်းဖြည်းလေး ခေါင်းညိတ်ရင်းက တိုးလျသောလေပြည်လေးဖြင့် ပြောလိုက်သည်။
"ကျွန်တော်မွေးစားသားမှန်း အစ်ကိုသိတယ်မလား"
နေဘုန်းခက ရဲချုပ်ကြီး၏ မွေးစားသားမှန်း ဘယ်သူမှမသိကြသော်လည်း နှစ်ကာလကြာရှည်စွာ ညီအစ်ကိုအရင်းလို ခင်မင်လာခဲ့သည့် ရဲဇာနည်ကတော့ သိနေခဲ့ပြီးသား ဖြစ်သည်။
YOU ARE READING
The Dark Nights in the Rain
General Fiction[Unicode Ver] ကံဆိုးမှုတွေနဲ့ နာကျင်မှုတွေ မိုးရေစက်တွေနဲ့အတူ လိုက်ပါလာခဲ့ကြလေသလား.....။ မိုးစက်ခတဲ့ ညတွေမှာ မှောင်မိုက်ခြင်းတွေ အစပြုခဲ့တယ်။ ကျီစားတတ်တဲ့ ကံကြမ္မာကြောင့် မိုးမှောင်ကျခဲ့ကြတဲ့ သူတို့ဘဝတွေ ဘဝရဲ့ရောင်နီပျို့ချိန်ကို ရောက်တဲ့အထိ လောကဓံ...