"အွန်း ဒါဆို ကိုကြီးကလဲ ကျွန်တော့် fan ပဲလား"
"အင်းပေါ့ fanclub တောင်ဝင်ထားသေးတယ်"
"ဟားဟားဖြစ်ရမယ် ဒီမှာ ကျွန်တော်တစ်ယောက်လုံးဘေးမှာရှိတဲ့ဟာ fanclub ထဲဝင်စရာလိုသေးလား"
"အိုး ပေါ်တိက ခုမှ ကိုကြီးချစ်သူဖြစ်တာလေ ကိုကြီးက ပေါ်တိကိုစမြင်ကတည်းက ကိုကြီး idol ဆိုပီးသတ်မှတ်ထားပြီးသား"
"ကျွန်တော့်ကိုအဲသလောက်ကြိုက်တယ်ပေါ့"
"မကြိုက်ပါဘူး"
"ဘာပြောတယ်"
"ဟိုးဟိုး စိတ်တိုမယ်ဆိုတာချည်းပဲ ကိုကြီးကကြိုက်တာမဟုတ်ဖူး ချစ်တာလို့"
"အပြောကောင်းတဲ့ကျွန်တော့်ရည်းစားလေးပါလား လာပါအုံး ကျွန်တော်နမ်းချင်လို့"
သူလာလာမလာလာ ကျွန်တော်က သူ့ကိုခါးကနေ အနားကိုဆွဲယူလိုက်တာမို့ ရှောင်းကျန့်က ကျွန်တော့်အနားသို့ရောက်လာရတာပါပဲ။
သူဝတယ်ဆိုတာ အားသန်တဲ့ ဝမ်ရိပေါ် အိပ်နေသလောက်ရှိတာပဲ။
အနီးကပ်မြင်ရတဲ့ ချစ်သူနှုတ်ခမ်းပါးလေးကို သေသေချာချာကြည့်နေမိသည်။ နီစွေးစွေးလေးနဲ့ နှုတ်ခမ်းအောက်က မှဲ့ကလေးက ပနံရစွာပဲ။
ဟိုတနေ့ညက မှောင်နေတော့သိပ်မမြင်ရတဲ့နှုတ်ခမ်းပါးလေးကို အခုမှပဲ အဝရှုစားရတော့တယ်။ ကျွန်တော်နမ်းတော့မည်အထင်နဲ့ ကိုကြီးက မျက်လုံးတွေကို စုံမှိတ်ထားသေးတာမို့ မျက်တောင်ခပ်စိတ်စိတ်လေးတွေကိုလဲ အမြတ်နိုးကြည့်နေမိပြန်ရော။
နမ်းမယ်ပြောပီး တော်တော်နဲ့မနမ်းသေးလို့ထင်သည် ရှောင်းကျန့်က မျက်စိမှိတ်ထားရမှာ ပြန်ဖွင့်ကြည့်တော့ သူ့ကိုကြည့်နေတဲ့ ကျွန်တော်နဲ့မျက်လုံးချင်းဆုံပြီး ပြောတာက
"နမ်းမှာဖြင့်မနမ်းဘူး ဒီမှာ စောင့်နေရတာ စိတ်မရှည်ဘူး" တဲ့လေ။
အဲဒီနောက်တော့ ကျွန်တော်တို့ရဲ့ဒုတိယအနမ်းကို ရှောင်းကျန့်မှပင် စတင်ဦးဆောင်သွားလေရဲ့။
(ကိုကြီးကလဲ စိတ်ကြီးပဲ)။သူ့စိတ်ကြိုက်နမ်းလို့ဝမှ
"ကော်ဖီဖျော်ပေးတော့ ပေါ်တိအသားယူတာများနေပြီ" တဲ့။
![](https://img.wattpad.com/cover/221020094-288-k131750.jpg)
YOU ARE READING
My Gym Trainer (Completed)
FanfictionWhen Yibo become a persona gym trainer for Xiao Zhan... Will Yibo change Chubby XZ to Handsome XZ??? Will Xiaozhan fall for his handsome trainer??? Well, let's start the story 💚❤️ Fic cover by Xiao Aeri Monn
Ep 15- Home Date
Start from the beginning