Be My Neko (Ending)

Start from the beginning
                                    

" ဟုတ်လားအမေ...သမီးအကြိုက်ပဲ..
ဘယ်မှာလဲ...အခုပဲစားလိုက်မယ်.."

" ဟို စားပွဲခုံပေါ်မှာလေ..အုပ်ဆောင်း အနီလေးနဲ့ အုပ်ထားတယ်...သမီးနိုင်သလို
စား...".

" ဟုတ်...စားပစ်မယ်...စိတ်မပူနဲ့မေမေ"

" သိပါတယ်...ငါ့သမီးကဒီလိုနေရာမျိုးဆို
နှစ်ခါပိုပြောစရာမလိုဘူး..".
မေမေက အရွှန်းဖောက်ပြီးပြောလိုက်သည်။
" ဟီ...သိပ်ဟုတ်တာပေါ့.."
မေမေကြော်ပေးထားသော ခေါက်ဆွဲကြော်ကို ပလုတ်ပလောင်းစားရင်း ပြန်ပြော
သည်။ ပြတင်းသို့ လှည့်ကြည့်လိုက်မိသည်။ အပြင်ဘက်တွေ မိုးတွေတဖွဲဖွဲ ရွာနေ
သည်...မိုးဖွဲဖွဲလေးထဲတွင်မေမေ ကြော်
ပေး ထားသောခေါက်ဆွဲကြော် သည်
အလွန်စားကောင်းခဲ့ပါသည်...
" သမီးရေ..."

" ဟုတ်..ပြောလေ မေမေ.."

" အပြင်မှာ မိုးတွေရွာနေတယ်...ထီးယူ
သွားဖို့ မမေ့နဲ့နော်.. "
.
" မမေ့ပါဘူး...မေမေ့ရဲ့..ဒါဆိုနောက်ကျ
သွားမယ်..သမီးအခုသွားတော့မယ်နော်"

" ကောင်းသွား သမီးလေး..ထီးလည်းယူ
သွားနော်..ဪ.ပြီးတော့ ဖုန်းလည်း ယူ
သွားဖို့မ မေ့နဲ့.."

" ဪ..အမေဖုန်းက စားပွဲခုံပေါ်မှာ
တစ်ချက်လောက်ယူပေးပါလား.."

မေမေ အခန်းထဲဝင်ပြီးခဏနေတော့ ပြန်
ထွက်လာသည်၊
" ရော့ ဒီမှာ သမီးဖုန်း...".

" ကျေးဇူးပါ.. မေမေ..သမီးသွားပြီနော်.
အား..မွ.."

သဲ မေမေ့ပါးအား တစ်ချက်နမ်းကာ အိမ်မှ ထွက်လာသည်။ မိုးတွေကတော့ တဖွဲဖွဲ ရွာနေတုန်း...သဲ အတွေးလွန်​နေစဉ်နေ
မှာပင် ရှား တို့အိမ်ရှေ့ကို ရောက်လာသည်။ သဲစုနှင် ရှားတို့ အိမ်မှာ ဘယ်လောက်
မှ မဝေးပေ..သဲတို့ တစ်အိမ်ကျော်မှာပင်
ရှိသည်။ ရှား တို့အိမ်ကလည်း ခြံနှင့် ပင်
ဖြစ်သည်။ သဲ ဆောင်းလာသော ထီးကို
ပိတ်ကာ ဘဲဘ်ကို တီးလိုက်သည်။
ခန အကြာတွင် အိမ်တံခါးပွင့်သွား ပြီး
အိမ်ထဲက ရှား ထွက်လာသည်၊ ခြံရှေ့တွင်
ရပ်နေသော သဲစု အား တအံ့တသြ ကြည့်
လိုက်သည်။
" ဟယ်...နင်အစောကြီးပဲရောက်နေပါ
လား...ဟန်နီတောင်မရောက်သေးဘူး.."

Be My Neko (Completed) Where stories live. Discover now