ကောင်းကင်ပြာ၏ တောက်ပခဲ့သော အတိတ်ရဲ့ နေ့ရက်များ
အပိုင်း(20)************************************
ဆေးရုံထဲကို ဝင်လိုက်ကတည်းက သုမှာ ခြေလက်တွေ အေးစက်ပြီး တုန်ရီနေသည်။ တိုင်း တစ်ခုခုများဖြစ်သွားခဲ့ရင်၊ လက်ကသွေးကြောတွေကို ဓားနဲ့ လီးဖြတ်ရဲ ရအောင် တဇွတ်ထိုးဆန်မှန်း မ မထင်ခဲ့ဘူး၊ တခြား ကိစ္စတွေမှာ ကလေးဆန်ပြီး တဇွတ်ထိုးလုပ်ပေမယ့် အခုကိစ္စမှာ မ တိုင်းကို စိတ်တိုမိသည်။
"အစောက လက်မှာ ဒဏ်ရာနဲ့လူနာ .ဘယ်အခန်းလဲ သိလားရှင့်.."
သု မှာ အရူးကြီးတစ်ယောက်လို လမ်းမှာတွေ့တဲ့ nurseတွေကို မေးတော့
"ဟုတ်..အခန်းနံပတ် 265မှာပါ...အခုကတော့ ခွဲစိတ်ခန်းဝင်တုန်းနေမယ် လက်ကဒဏ်ရာတော်တော်ပြင်းတယ်ပြောတယ် အမ.."
ကလေး ဘယ်လောက်တောင် နာကျင်လိုက်မလဲ။ မ အခုတခါတော့ အသုံးမကျခဲ့ဘူး၊ မ ကလေးကို မကာကွယ်နိုင်ခဲ့ဘူး။ သု ရင်ထဲက နာကျင်စွာ ပဲ မျက်ရည်များ ကျလာမိသည်။
"ကျေးဇူးပါ ...."
သု ရဲ့ အသံတွေကလည်း တုန်ရီစွာ အခန်းနံပတ်265သို့ သွားလိုက်တော့ အခန်းတံခါးလေးမှာ ဟဟလေး ပွင့်လျက်ပင်။ ထို့နောက် မြင်ကွင်းက ကုတင်ပေါ်မှာ လဲလျောင်းကာ မေ့မျောနေသော သုရဲ့ တိုင်းနှင့် ဘေးမှာ တဖွဖွ ငိုနေသော အန်တီမေ။ ပြီးတော့ ဆေးပုလင်းတွေ ချိတ်ပေးနေသော ဇွဲရန်နိုင်နင့် တိုင်းရဲ့ လက်ဖဝါးတွေကို ဆုပ်ကိုင်ထားသော မေဆိုသော မိန်းကလေး။
"သမီးသု...ရောက်လာပြီလား..ကြည့်ပါအုံး သမီးရဲ့ တိုင်းလေးကို
သမီးကို အရမ်းချစ်တဲ့ တိုင်းကို..."သု ဘာလုပ်ရမယ် မသိပဲ စို့နစ်စွာ ငိုမိပြန်သည်။ ဒါတွေက မ အပြစ်တွေပဲ ..မ နဲ့ ဝေးရရင် တိုင်း တကယ် အသက်မရှင်နိုင်ဘူးပဲ။မ ဘာဆက်လုပ်ရမလဲ တိုင်းရယ်၊ ကျေးဇူးပြုပြီး မ ဘဝထဲက မထွက်သွားပါနဲ့လား။
"တိုင်း......"
ဘေးနားက သု အသာလေး ဝင်ထိုင်လိုက်ကာ သူမရဲ့ မျက်နှာလေးကို မျက်ရည်တွေ ကြားထဲက ကြည့်မိလိုက်သည်။ ဘယ်လောက်တောင် ကြောက်ပြီး နာကျင်လိုက်မလဲ၊၊ တိုင်းရဲ့ လက်ကို ဆုပ်ကိုင်ထကာ သု စိတ်ရှိသာ ငိုနေမိတော့သည်။ဆုပ်ကိုင်ထားတဲ့ မရဲ့ လက်ထဲက လက်သေးသေးကွေးကွေးလေးက အေးစက်လို့၊ တိုင်း လက်လေးတွေနဲ့ သုရဲ့ ပါးပြင်ကို ထိကပ်ကာ သု ကြိတ်ကာ ငိုနေမိတော့သည်။
![](https://img.wattpad.com/cover/215147180-288-k603458.jpg)