အပိုင်း(10)

4.3K 367 46
                                    

ကောင်းကင်ပြာ၏တောက်ပခဲ့သော အတိတ်ရဲ့နေ့ရက်များ
အပိုင်း(10)

************************************

အလုပ်ဝင်တာ 2ရက်ရှိသော်လည်း သူက အလုပ်ကို တစ်ခါတလေ နောက်ကျမှ လာတတ်တယ်၊ ပြီးတော့ customerတွေနဲ့ တခါတလေ မတည့်ပြန်ဘူး၊ အဲ့မယ် သုက ဝင်ပါ ပြီး ရှင်းပေးရရင် ကိုယ်ကပါ customerဘက်က မလိုက်ပဲ သူ့ဘက် ပါမိလို့ စိတ်ညစ်ရပြန်တယ်၊ သုဟာထိုကလေးနဲ့ ပတ်သတ်ရင် sensitiveဖြစ်တာလား မသဲကွဲတော့ပါ။

"မ .....ဒီနေ့မှာ ထားတဲ့ Order စာရင်းပါ
ပန်းမျိုးစိတ်တွေ အအေးခန်းထဲမှာ သေချာထားပြီးပါပြီ"

"အော် အွန်းအွန်း."

အသာပဲ သူ့ကို တချက်ကြည့်ကာ လုပ်စရာရှိတာ ဆက်လုပ်နေတော့ သူက မသွားသေးပဲ သုရဲ့ အရှေ့မှာ ရပ်နေတာ တွေ့တော့ သု မျက်မှောင်ကြုတ်ကာ ကြည့်မိလိုက်တယ်။

"ဘာလဲ ....မသွားသေးဘူးလား..."

တိုင်းက သူမရဲ့ လက်တွေကို သူမ အနေခက်စွာပဲ ပြန်စိတ်နေသည်ကို တွေ့ရတော့ သု သူမရဲ့ မျက်နှာကို ကြည့်လိုက်ကာ လက်ထဲက ဘောပင်ကို ခုံပေါ်ချလိုက်သည်။

"ပြောစရာ ရှိလို့လား.."

"ဟိုလေ ...မ...တိုင်းကို အိမ်အလည်ခေါ်ပါလားဟင်.."

"အွန်း လိုက်ခဲ့လေ ...မေမေက မင်းကိုတွေ့ချင်နေတာ."

"ဟီး ဟုတ်ကဲ့ ..."

ကလေးတစ်ယောက်လို ပျော်ပြီး Counterဘက်ထွက်သွားသော တိုင်းကို ငေးကြည့်ကာ သု ရင်ထဲ ကြည်နူးမိတယ်။ အရင်လို အရမ်းမနှီးတော့ပေမယ့် သူနဲ့ ဆုံမိတိုင်း ပျော်ရတဲ့ ခံစားချက်လေးက မပြောင်းလဲဆဲပဲ။

"မမသု.."

သုရဲ့ မန်နေဂျာလိုလဲဖြစ်တလဲ၊ ဒီဆိုင်လေးစဖွင့်ကတည်းက အလုပ်ဝင်ခဲ့သော ခတ်သစ္စာက ဖိုင်တွဲများကိုင်ကာ ဝင်လာသည်။

"မမသု...ဒီမယ်ကြည့်ပါအုံး..."

သုလည်း ခတ်ပြသော ဖိုင်တွဲကိုယူကာကြည့်လိုက်တော့ မှာထားတဲ့ Orderတွေ ပြန်ပိတ်တာတွေ့ရတယ်။ မနေ့ညကမှ ဖုန်းဆက်ကာ သစ်ခွနက်များ မှာထားသော မင်္ဂလာပွဲအလှဆင် companyတစ်ခုက orderတွေကို ပြန်ဖျက်ခြင်းဖြစ်သည်။

"ကောင်းကင်ပြာ၏ တောက်ပခဲ့သော အတိတ်ရဲ့နေ့ရက်များ"Where stories live. Discover now