KS(pov): 'အရေးထဲ လာရှင်းပြနေသေးတယ် ဘယ်သူက ဘာပြောနေလို့လဲ '

Kai : " သူပြောခဲ့တာ မင်းနဲ့တွေးချင်သေးတယ်တဲ့။ မင်းနဲ့ ထိပ်တိုက်တွေ့ခဲ့ရင် မသိချင်ယောင်ဆောင်ပြီးထွက်မသွားနိုင်ဘူးတဲ့ အဲ့တာ    ကြောင့် သူမင်းကို မချစ်မိခဲ့ဘူးတဲ့ "

အဲ့စကားက KS နားထဲမှာ ခါးသတ်သွားခဲ့တယ်။ သူကိုယ်တိုင်မပြောခဲ့ပေမဲ့ KS ရင်ဘတ်ကို အရှိန်ပြင်းပြင်း တစ်ခုဝင်ဆောင့်လိုက်သလိုပဲ ခံစားရခက်တယ်ဆိုတာ....

KS : " အဲ့တာဆို ပြီးပြီးပေါ့ ။ သူနဲ့ငါ သရေပွဲလို့ပဲ မှတ်လိုက်ကြတာပေါ့ ။ နောက်ပြီး ပြောလိုက်ပါအုံး။ စိန်ခေါ်တုန်းက ငါ့ရှေ့တည့်တည့်လာပြီး စိန်ခေါ်သွားတဲ့သူက အဆုံးသတ်ကြတော့ လူကိုယ်တိုင်မလာတာက ယဥ်ကျေးမှု မရှိဘူးလို့ "

​Kai : " Ok ပါ ။ ငါပြောလိုက်ပါ့မယ်။ မင်းသိလား ချစ်ခြင်းဆိုတဲ့အရာက တန်ဖိုးထားစရာကောင်းတဲ့ ယဥ်ကျေးမှုတစ်ခုပါ။ မင်း မလေးမစား မလုပ်သင့်ဘူးလို့ ပြောခဲ့ချင်တယ်။ ငါသွားတော့မယ် KS "

KS : " နေအုံး Jongin ။ အချစ်က မလိမ်ညာရဘူးတဲ့။ အဲ့တာလည်း ယဥ်ကျေးမှုတစ်ခုဘဲ ဆိုတာ မင်းရဲ့သူငယ်ချင်းကိုပြောလိုက်ပါ။ "

ဟု ဆိုကာ KS အိမ်ထဲကို မနှုတ်ဆက်ဘဲ လှည့်ဝင်လာခဲ့တယ်။ သူကိုယ့်သူလည်း ပြန်ဆန်းစစ်မိတယ်။ သူကိုယ်တိုင်ရော ယဥ်ကျေးမှုရှိရဲ့လားလို့။

Kai တကယ်တော့ Chanyeol ရှိတဲ့နေရာကို KS ကို ပြောပြဖို့သွားခဲ့ပေမဲ့ KS ရဲ့ ခါးသီးစွာတုံ့ပြန်မှုကြောင့် မပြောပြဘဲ ပြန်လာခဲ့ရတယ်။ သူတို့နှစ်ယောက် ပြောတဲ့ချစ်ခြင်းယဥ်ကျေးမှုဆိုတာတွေက သူ့ကိုပိုပြီး အတွေးပေါက်လာစေတယ်။ သူကိုယ်တိုင်ရော ချစ်ခြင်းရဲ့ယဥ်ကျေးမှုတွေကို နားလည်ရဲ့လား ဆိုတာ သူပြန်ဆန်းစစ်ရပါအုံးမယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxx

ရက်ကိုလစား လကိုနှစ်စားလို့ သူတို့တွေအကုန်လုံးကျောင်းပြီးကြတော့မယ်။ ဒီနှစ်တွေမှာ Kris အိမ်ကိုခွင့်တောင်းကာ Lay နဲ့အတူကျောင်းတက်နေခဲ့တယ်။ ဘယ်သူ့ကိုမှ မဆက်သွယ်ဘဲနဲ့ပေါ့။ Baek နဲ့ Tao ကလည်း တရုတ်မှာနေနေတာ အခုဆိုရင် ကုမ္ပဏီမှာတောင် အလုပ်ဝင်နေကာ ဘွဲ့ယူဖို့ပြင်ဆင်နေကြပြီ။ Chen နဲ့ Minseok လည်း သူတို့နှစ်ယောက်ပေါင်းကာ ကော်ဖီဆိုင်ဖွင့်ထားတယ်လေ။ အခုဆိုရင် ဆိုင်ခွဲတောင်ရှိနေပြီ။ သူတို့ကတော့ ကျောင်းတစ်ဖက်နဲ့ဆိုပေမဲ့ အိမ်က လူထည့်ပေးထားတာကြောင့် အဆင်ပြေစွာလည်ပတ်​နေကြတယ်။ Sehun ကတော့ အရင်ကထက် အနေအေးလာတယ်။ ကုမ္ပဏီမှာ သူ့ရဲ့ပါးက အလုပ်ဝင်ခိုင်းထားတာကြောင့် အလုပအသင်အဖြစ်နဲ့ အလုပ်ဝင်နေတယ်။ Suho ကတော့ သူ့အဖေရဲ့ ကျန်းမာရေးကြောင့် ကုမ္ပဏီကို ဦးစီးနေရတယ်။ သူက အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်​နဲ့ အလုပ်ရှုပ်နေလေရဲ့။ Luhan ရဲ့သတင်းကတော့ မကြာခင် ပြန်လာတော့မယ် သတင်းကြားရပေမဲ့။ မကြာခင်ဆိုတာက မရေရာတာမို့ စောင့်နေရဆဲ။ Kai ကတော့ ကျောင်းမှာ စာအတော်ဆုံးကျောင်းသားအဖြစ်ရပ်တည်နေတယ်။ Baek ကိုလွမ်းသမျှ စာဖိလုပ်နေတဲ့ သူ့အတွက်တော့ အတော်ဆုံးကျောင်းသားဖြစ်နေတာ မဆန်း။ KS သူကတော့ Chan နဲ့ ပြိုင်ပွဲပြီးသွားကတည်းက အရင်လို ဆန်းတွေပြန်ပွင့်လာတယ်လေ။ စိတ်ရှုပ်ရပေမဲ့ အရင်လိုပညာပြန်မပေးဖြစ်တော့။ သူ့ကို ရည်းစားစကားလာပြောတဲ့သူတိုင်းကို စိတ်မဝင်စားဘူးလို့သာ ငြင်းတော့တယ်။ ဇွတ်တရွတ်တွေလုပ်လာရင်တော့ အတိုက်ခံပြောကာ ထားခဲ့တော့တယ်။ Chen နဲ့ Minseok ကတော့ ​သူ့ကိုပြောင်းလဲသွားတာ Chanyeol ကြောင့်လို့ မှတ်ချက်ချခဲ့တယ်။ သူကတော့ ငြင်းခဲ့တယ်။ သူပြောင်းလဲသွားတာ သူ့ဘာသာပြောင်းလဲချင်တာကြောင့် လို့သာပြန်ခံပြောခဲ့တယ်။

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Where stories live. Discover now